စက်တင်ဘာ-၃၊၂၀၂၅။တေဇ/ People’s Spring
ဒေါ်အောင်ဆန်းစုကြည် ၏ အသက်ရှစ်ဆယ်ပြည့် မွေးနေ့ ကမ်ပိန်း (SUU 80 campaign) အတွက် Aid to Burma မှ ဩဂုတ် ၃၀ ရက်အထိ မြေပြင်မှ ပြည်သူများထံသို့ အမေရိကန်ဒေါ်လာ လေးသိန်းကျော် လှူဒါန်းထားကြောင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက်အမေရိကန်ဒေါ်လာတစ်သိန်းတစ်သောင်းလှူဒါန်းခဲ့ကြောင်းဖော်ပြထားသည်။
အဆိုပါအလှူငွေများကို ငလျင်ဒဏ်သင့် အိမ်ထောင်စု (၂၅၀၀) ၊CDMမိသားစု (၁၇၀) နှင့် စစ်ဘေးရှောင် မိသားစု (၆၀) အတွက် ဆန်ဆီ အစရှိသည့် အစားအသောက်များအပါအဝင် ဆေးဝါး နှင့် အသုံးအဆောင်များ ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
ထို့ပြင် အင်းလေးဒေသ၌ နေအိမ် ခုနစ်လုံး ဆောက်လုပ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါလှုဒါန်းမှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် အမေရိကန်ဒေါ်လာ ၁၈၈,၀၀၀ လှူဒါန်းခဲ့ပြီး အောင်ဆန်းအမည်ဖြင့် မြေအောက်ဆေးရုံတစ်ခုကိုပါဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် Mobile medical unit တစ်ခုတည် ဆောက်ပေးခြင်း ၊ ကျေးရွာ ၁၁ ရွာရှိ ဆေးပေးခန်းများအတွက် solar power unit များတပ်ဆင်ခြင်း ၊ လိုအပ်သည့် ဆေးဝါးများထောက်ပံ့ခြင်း နှင့် 1st aid medical training အတွက်လည်း ပြင်ဆင်ထားသည်ဟု အသိပေးထား သည်။
ကလေးသူငယ်များအတွက်လည်းအမေရိကန်ဒေါ်လာသုံးသောင်းတစ်ထောင်လှူဒါန်းခဲ့ပြီး စစ်ရှောင်ဒေသများနှင့် ကျေးရွာများအတွက် child welfare program နှင့် မြေအောက်ကျောင်း
ဆောင်ဆောက်လုပ်ခြင်းတို့လုပ်ဆောင်နေသည်ဟုသိရသည်။
ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Counselling လုပ်ငန်း နှင့် ပြန်လည်သန်စွမ်းရေး အဖွဲ့ထံ စက်ပစ္စည်းများလှူဒါန်းခြင်း အတွက် အမေရိကန်ဒေါ်လာ နှစ်သောင်း လှူဒါန်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အထက်ပါလှူဒါန်းမှုများအပြင် ကရင်ပြည်နယ်အတွင်း စစ်ရှောင်နေရာ ၆ ခု၌သောက်ရေသန့်စက်များ တည်ဆောက်ပေးခြင်းအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းခွဲအသုံးပြုခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ကွာလာထိဒေသအတွင်းမှ မုန်း၊စောထိ၊လာဒို ဒေများအတွက်အစားအသောက်နှင့်အခြေခံလိုအပ်ချက်များ လှူဒါန်းခြင်း တို့ အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းအသုံးပြုခဲ့သည်ဟု စာရင်း ဇယား၌ဖော်ပြထားသည်။
ထို့ကြောင့် ဩဂုတ် ၃၀ ရက်အထိ Suu 80 Birthday Campaign အနေဖြင့် အမေရိကန်ဒေါ်လာ လေးသိန်း သုံးထောင် လှူဒါန်းထားသည်ဟု အသိပေးထားသည်။
“အမေစု ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းသို့ ပါဝင်လှူဒါန်းကြပါသော အလှူရှင်များနှင့် ပါဝင်ကူညီသူ တစ်ဦးတစ်ယောက်ချင်းစီးအား ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ နောက်ထပ် လှူဒါန်းပြီးဆစီးမှူများကိုလည်း ဆက်လက်ပြီး ကမ်ပိန်းပေ့ချ်မှနေပြီးတင်ပြပေးသွားပါမယ်ခင်ဗျာ။”ဟုSuu 80 Birthday Campaign က ထုတ်ပြန်ထားသည်။
Suu 80 Birthday Campaign ကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်ခ်အဲရစ် ဦး
ဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရန်ပုံငွေရှာဖွေရေးပရောဂျက်များပြုလုပ်ခဲ့သည်။
ထို့အပြင် မွေးနေ့ဆုတောင် ဗီဒီယို တစ်သိန်းကျော် ပေးပို့၍ ကမ္ဘာပေါ်တွင် လူပုဂ္ဂိုလ်တစ်ဦးတည်းအတွက် မွေးနေ့ဆုတောင်းဗီဒီယို အများဆုံးပေးပို့ ဆုတောင်းမှုအဖြစ် ဂင်းနစ်မှတ်တမ်းတင်နိုင်ရန် တင်ပြထားသည်။
