close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးအနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်မီးတင်ရှိို့

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နွားထိုးကြီးနယ်က ကျေးရွာတစ်ရွာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ ဓာတ်ပုံ - Zeroပြောက်ကျားတပ်ဖွဲ့

စက်တင်ဘာ -၃ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဟာ သြဂုတ်လ ၁၆ ရက်ကစတင်ပြီး နွားထိုးကြီးမြို့နယ်ထဲမှာ ဝင်မွှေခဲ့ပြီး ၉ ရက် အကြာ သြဂုတ် ၂၄ ရက်မှာပြန်လည်ထွက်ခွာသွားခဲ့တာပါ။

ဒါပေမယ့်ရက်ပိုင်းအကြာမှာပဲ သြဂုတ်လ ၃၁ ရက်မှာတော့ နွားထိုးကြီး အနောက်ခြမ်းက မာန်လည်ရွာကို စစ်ကြောင်းဝင်လာပြီး ရွာကို မီးတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂ ရက်မှာ တော့ မာန်လည်ရွာရဲ့ မြောက်ဘက် တစိုးရွာကို စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတဲ့အတွက် ရွာတွေဆီ ဒေသခံတွေက နေရပ်ပြန်လာပေမယ့် သိပ်မကြာခင်မှာ အခုလို စစ်ကြောင်းထိုးတာနဲ့ ထပ်ကြုံရတာပါ။

တစိုးကျေးရွာထဲရှိ နေအိမ်တွေက ပစ္စည်းတွေကို စိတ်ကြိုက် ယူဆောင်ပြီး မီးတင်ရှို့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ခန့်က ဒေသခံ ထောင်ဂဏန်း ထွက်ပြေးနေရပါတယ်။

နွားထိုးကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးရာမှာ မြင်းခြံနယ်က သီတာယုမွန်ရဲ့ ပျုစောထီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားရာက လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံ နဲ့နွားထိုးကြီးမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ အခုလအတွင်း အရပ်သားပြည်သူ သေဆုံးမှု ၂၆ ဦးထိရှိလာပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကောက်ယူထားတဲ့စာရင်းအရသိရပါတယ်။

Facebook