close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်တပ်စစ်​ကြောင်းကို PDF၊KNLA ပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်ကြီးအပါအဝင် တပ် ၈ဦး သေ၊လက်နက် ၈လက်ရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ- အမှတ်(၂)စစ်ဆင်​ရေးနယ်​မြေ

စက်တင်ဘာ-၃၊၂၀၂၅။ထားမြတ်၊​ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ- အမှတ်(၂)စစ်ဆင်​ရေးနယ်​မြေ

“တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က အလောင်းရရှိမှုက စစ်ကောင်စီ ဗိုလ်ကြီးအဆင့်တဦး အပါအဝင် ၈ ဦးထက်မနည်းကိုလည်း ရရှိခဲ့တယ်။ ဖော်ပြထားတဲ့အတိုင်း RPGနဲ့ လက်နက်ငယ်တွေလည်းရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ သိမ်းရခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စိုးမိုးနယ်‌‌မြေအတွင်းသိုစစ်ကြောင်းထိုး ဝင်ရောက်လာသည့်စစ်ကောင်စီ စစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့နယ်ကတော့ကျောက်ကြီးမြို့နယ်ပေါ့။ ကျနော်တို့ဆီကို စစ်ကြောင်းထိုးလာတာကလည်း လက်ရှိ ကျောက်ကြီးမြို့နယ် အခြေစိုက် တပ်ရင်းနဲ့ ပျူစောထီးတွေကပဲ လာပြီး ကျနော်တို့ဆီကို စစ်ကြောင်းထိုးတာ။ ရန်သူအင်အားကလည်း ၁၀၀ လောက်ပါတယ်” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်းစစ်သား (၈)ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားဟုဆိုသည်။​

“အပြီးမှာ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်တာခံခဲ့ရတယ်။သို့သော်လည်း ကျွန်တော်တို့မှာ အထိအခိုက်မရှိ အဆင်ပြေခဲ့ပါတယ်”ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊သတင်းနှင့်ပြန် ကြားရေးတာဝန်ခံသည်။

လက်ရှိ ပဲခူးတိုင်းတွင် စစ်ကောင်စီက ပေါင်းတည်၊ရေတာရှည်နှင့်တောင်ငူမြို့နယ်တို့တွင်စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်း ရှိနေသည်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနအနေဖြင့် တိုင်းစစ်ဌာနအတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်းယခင်ကတည်းက အသိပေးထားသည်။ ပြီးခဲ့သည့် လများအတွင်းကလည်း ကျောက်ကြီးအပါအဝင် ပဲခူးတိုင်းစစ်ဌာနနယ်မြေ၌ စစ်တပ်စခန်းများကို KNLA ၊PDF ပူး​ပေါင်းတပ်များက တပြိုင်တည်း တိုက်ခိုက်သည့် စစ်ဆင်ရေးများလည်း ဖော်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေမှုများ လတ်တလောပြန်ငြိမ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှတပ်သားလေးဦးထွက်ပြေးခိုလှုံလာကြောင်းနည်းဗျူဟာ (၃၃) အထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

Facebook