စက်တင်ဘာ-၃၊၂၀၂၅။လူအေး/People’s Spring
ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းသည်မုန်တိုင်းငယ်ဖြစ် လာနိုင်ပြီး မြန်မာနိုင်ငံဒေသအများစု မိုးနှင့်လေပြင်းဘေး ဆက်လက်သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၂ရက်က လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာ၅ရက်တွင်ဩရိဿမြောက်ပိုင်းနှင့်အနောက်ဘင်္ဂလားပြည် နယ်ကမ်းရိုးတန်းအနီးတွင်မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီး မြန်မာ နိုင်ငံတွင်မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ လေပြင်းတိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီး
နိုင်ကြောင်း MOHADMက သတိပေးသည်။

Public Service Announcement
ပြီးခဲ့သည့် သြဂုတ်က တောင်တရုတ်ပင်လယ်မှ မုန်တိုင်းနှစ်လုံး၏ အရှိန်ကြောင့်မြန်မာနိုင်ငံတွင် ရေဘေးကြုံတွေ့ခဲ့ပြီး ယခုအခါ ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးကောင်းနိုင်ခြေကိုပါ သတိပေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် တောင်တရုတ်ပင်လယ်၌ KAJIKI(ကာချီကီ)မုန်တိုင်းဖြစ်ပြီး သြဂုတ်လကုန်တွင် NONGFA မုန်တိုင်းထပ်ဖြစ်ခဲ့သည်။
အဆိုပါမုန်တိုင်းနှစ်လုံးသည် ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ပြီး လာအိုမြောက်ပိုင်းနှင့် ထိုင်းနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်စဉ် မြန်မာနိုင်ငံ၌ ပုံမှန်ထက်မိုးကြီးခဲ့ခြင်းဖြစ်သည်။
နေပြည်တော်၊ ရှမ်းတောင်နှင့်ရှမ်းအရှေ့ မြို့နယ်အချို့အပြင် ပဲခူးတိုင်းတွင်ပါမိုးကောင်းပြီး ရေဘေးကြုံခဲ့သည်။
နေပြည်တော်-ပေါင်းလောင်းလမ်းပိုင်း၌ရှိသောရှမ်းပြည်နယ်တောင်ပိုင်း ၊ ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ တောင်ကျရေကြောင့် လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ အိမ်၁၈လုံးပျက်စီးခဲ့သည်သည်။
ပဲခူးတိုင်း၊အုတ်တွင်းမြို့တွင် စစ်တောင်းမြစ်ကမ်းပါးပြို၍ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ရေကြီးခဲ့သည်။
စက်တင်ဘာ၇ရက်အထိ မိုးကြီးခြင်းနှင့်အတူရုတ်တရက်ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းနှင့် တောင်ကျချောင်းရေကြီးခြင်းများကို သတိပြုကြရန် MOHADMက သတိပေးထားသည်။
သြဂုတ်လအတွင်းကရေးဘေးကြောင့် မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် ထိခိုက်ပျက်စီးမှုမှုများပြားခဲ့သည်။
