close
Connect with us

Hi, what are you looking for?

သတင်း

ငဖဲနယ်၊စွန်တက်ရွာအနီးတိုက်ပွဲများ၌ စစ်တပ် ၇၀ ဦးကျော်သေဆုံး၊ လက်နက်ခဲယမ်းများရဟု AA ထုတ်ပြန်

စစ်​ကောင်စီတပ်က မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေအချို့ကို ပြန်လည်ရယူရန်ထိုးစစ်ဆင်ရာစက်တင်ဘာ ၇ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်နှင့်လက်နက်ခဲယမ်းများ သိမ်းရကြောင်း အာရက္ခတပ်တော်(AA)က ယ​နေ့သတင်းထုတ်ပြန်သည်။

■စစ်တပ်စစ်​ကြောင်း ၂ ​ကြောင်းစလုံးတပ်လန်ပြန်ဆုတ်​ပြေး

စက်တင်ဘာ-၁၀၊၂၀၂၅။ရှိုင်း၊လူ​အေး/People’s Spring

စစ်​ကောင်စီတပ်က မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေအချို့ကို ပြန်လည်ရယူရန်ထိုးစစ်ဆင်ရာစက်တင်ဘာ ၇ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်နှင့်လက်နက်ခဲယမ်းများ သိမ်းရကြောင်း အာရက္ခတပ်တော်(AA)က ယ​နေ့သတင်းထုတ်ပြန်သည်။

စစ်ကော်စီသည် ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း​သောထိုးစစ်များ ကိုဆက်တိုက်ပြုလုပ်​နေရာ စက်တင်ဘာ ၄ရက်နှင့် စက်တင်ဘာ ၇ရက်တွင် ငဖဲမြို့နယ် စွန်တက်ရွာအနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၄ ရက်၊ စွန်တက်ကျေးရွာအနီး ၂နာရီကျော်ကြာ တိုက်ပွဲတွင် အထိနာ တပ်လန်ခဲ့သည့် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သော ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည် စက်တင်ဘာ ၇ရက် နံနက်တွင် ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံ ထိုးစစ်ဆင်လာရာ AA၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် အထိနာ အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန်သွားဟုဖော်ပြသည်။

“ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေကြသော ရန်သူများကို မိမိတိုမှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်”ဟုAAကထုတ်ပြန်သည်။

သေဆုံးသူများတွင်အရာရှိအချို့ပါဝင်ကြောင်းသတင်းရရှိသော်လည်း AAထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေ။တိုက်ပွဲပြင်းထန်ခဲ့​သော​နေရာများမှာ နတ်​ရေကန်ဗျူဟာကုန်း၏ အနီးဝန်းကျင်ဖြစ်သည်။

ထိုအပြင် စွန်တပ်ရာ အရှေ့မြောက်ဘက်တွင်လည်း နတ်ရေကန်ဗျူဟာကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်း၌တပ်စွဲထားသည့်စစ်ကောင်စီတပ်က စက်တင်ဘာ ၇ရက်ညနေပိုင်းတွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင်ရာ တိုက်ပွဲသုံးနာရီကြာဖြစ်ခဲ့ပြီး ယခင်စစ်ကြောင်းများနည်းတူ အထိနာ တပ်လန်သွားဟုသိရသည်။

လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် AAအား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိကြောင်း၊ ရန်သူ၏ တတိယ စစ်ကြောင်းထိုးစစ်တွင် မျက်မြင် (၁၀) ဦးခန့်​သေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့ကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နတ်ရေခံဗျူဟာပတ်ဝန်းကျင်ရှိ AAထိန်းချုပ်ထားသောစခန်းကုန်းများကို ပြန်လည်ရရှိရေး အကြိမ်ကြိမ်ကြိုးစားနေခြင်းဖြစ်သည်။ စက်တင်ဘာလ၄ရက်မှ စက်တင်ဘာလ ၇ရက်အတွင်း တိုက်ပွဲသုံးကြိမ်အပြင်အထန်ဖြစ်ပွားခဲ့သည်။ သုံးကြိမ်စလုံးတွင် စစ်ကောင်စီတပ်လန်၍ အထိနာခဲ့ကြောင်း AAက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်မှုမထမ်းမနေရဥပဒေအောက်တွင်စစ်ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားပြီး အချိန်တိုသင်တန်းပေးထားသည့် ရဲဘော်သစ်များဖြင့် ယခုကဲ့သို့ထိုးစစ်ဆင်လာခြင်းဖြစ်သည်။အထက်ပါတပ်ရင်းများမှစစ်သား​​များ၊ စစ်သင်တန်းဆင်းလာသူများဖြင့် စုပေါင်းကာရခိုင်ပြည်နယ်နှင့်နယ်စပ် ဒေသများဖြစ်သည့်ဧရာဝတီတိုင်း၊မကွေးတိုင်းနှင့်ပဲခူးတိုင်းအစပ်များကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

ထို​ကြောင့်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်ကြောင်း AAက​ကြေညာသည်။

“မိမိတိုနှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊အညံ့ခံလိုပါကအချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။” ဟု AAက အသိပေးသည်။

လက်နက်ချ အညံ့ခံ အလံဖြူထောင်သူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သကဲ့သို့အကယ်၍အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ကြောင်း AAကထုတ်ပြန်သည်။ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍ အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိဟု အသိပေးသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင်လည်း စစ်ကောင်စီက ထပ်မံ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်မြှင့်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိဟုလည်း AAက အသိ​ပေးသည်။တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်ဖော်ပြမည်ဟု ​ဖော်ပြထားသည်။

စစ်ကောင်စီသည် နတ်ရေကန် ဗျူဟာပတ်ဝန်းကျင်ကို ယနေ့(စက်တင်ဘာ၁၀) ညအထိ လေကြောင်းမှ ဗုံးကြဲနေပြီ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံသတင်းရင်း မြစ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို တရက်တည်း နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Generation Z Army - GZA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မဒဲ၊ကန်နီ ၊အင်းကုန်းနှင့် မကျည်းစုကျေးရွာမှ ဒေသခံပြည်သူ ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်မှာတော်လှန်ရေးရဲဘော်တဦးရဲ့အုတ်ဂူကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖျက်ဆီးသွားကြောင်း ဒေသခံ​တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို တပ်မ ၁၀၁ က စစ်ကြောင်းရောက်နေချိန် တော်လှန်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Facebook