close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မှာ တော်လှန်ရေးရဲဘော်ရဲ့အုတ်ဂူကို စစ်တပ်က ဖျက်ဆီးသွား

မကွေးတိုင်း၊ပေါက်မြို့နယ်မှာတော်လှန်ရေးရဲဘော်တဦးရဲ့အုတ်ဂူကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖျက်ဆီးသွားကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရသည့် တော်လှန်ရေးရဲဘော်၏ အုတ်ဂူကို တွေ့ရစဥ်။ ဓာတ်ပုံ-Aung Tay Zar Soe

စက်တင်ဘာ-၈၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်မှာတော်လှန်ရေးရဲဘော်တဦးရဲ့အုတ်ဂူကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖျက်ဆီးသွားကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကမကွေးတိုင်း၊ပေါက်မြို့နယ်ကနေ ပြန်လာတဲ့ ပခုက္ကူက စစ်ကောင်စီတပ်ယာဥ်တန်းဟာ ကံတောရွာအနီးမှာ ပြုလုပ်ထားတဲ့ တော်လှန်ရေး ရဲဘော်တဦးရဲ့အုတ်ဂူကို ဖျက်ဆီးသွားတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရသည့် တော်လှန်ရေးရဲဘော်၏ အုတ်ဂူကို တွေ့ရစဥ်။ ဓာတ်ပုံ-Aung Tay Zar Soe

အဆိုပါအုတ်ဂူဟာ ပခုက္ကူခရိုင်တပ်ရင်း ၁၁ က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ရဲဘော်တဦးရဲ့ အုတ်ဂူဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ခွေးတွေကသက်ရှိမပြောနဲ့ သက်မဲ့အာဇာနည်ဗိမာန်ကိုတောင်မှ ကြောက်လို့ဖျက်တာပေါ့။ ကျနော်တို့ရှုံးသွားရင် သမိုင်းတင်မကဘူး။ အုတ်ဂူပါအဖျောက်ခံရမှာ။ ရှုံးသွားရင် ဒါထက်မက သမိုင်းအဖျောက်ခံရမှာ။ ဆိုးရွားတဲ့ဒဏ်တွေ ခံစားရမှာ။ မနိုင်နိုင်အောင်တိုက်ရမယ်။”လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၁ ရဲ့ တာဝန်ခံ ကိုတေဇက ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သုဿန်မှာကဗျာဆရာကိုကေဇဝင်းအပါအဝင် ကျဆုံး ပြည်သူ၉ဦးရဲ့ အုတ်ဂူတွေက ဓာတ်ပုံတွေနဲ့ကြယ်တွေကို စစ်အုပ်စုက ဖျက်ဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို တပ်မ ၁၀၁ က စစ်ကြောင်းရောက်နေချိန် တော်လှန်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၄) ရောက်လာသည့် စစ်ကောင်စီယာဥ်တန်းများနှင့် တပ်သားများသည် ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)နှင့် ယောဒေသဘက်သို့ အင်းအားဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

သတင်း

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး...