close
Connect with us

Hi, what are you looking for?

သတင်း

ထမင်းမစားရွာစခန်းပြန်ရရေး ထိုးစစ်ဆင်လာသည့်စစ်တပ်အား KNLAပူးပေါင်းတပ် တိုက်ခိုက်၊ စစ်တပ် ၁၀ဦးကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ပုလောမြို့နယ် ထမင်းမစားကျေးရွာရှိတပ်စခန်းပြန်ရရေးစစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှေ့တန်းတိုက်ပွဲမြင်ကွင်းများ။ ဓာတ်ပုံ − KNU - Mergui-Tavoy District

စက်တင်ဘာ−၁၁၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ပုလောမြို့နယ် ထမင်းမစားကျေးရွာရှိတပ်စခန်းပြန်ရရေးစစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

အင်အား ၄၀ခန့်တပ်စွဲထားသည့် ထမင်းမစားရွာ စစ်တပ်စခန်းအား KNLA ပူးပေါင်းတပ်ကစက်တင်ဘာ၈ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်။

အဆိုပါ တပ်စခန်း ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က စက်တင်ဘာ ၉ရက်ကစ၍ စစ်ကြောင်းပြန်လည်ထိုးလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းကို KNLA တပ်မဟာ(၄) လက်အောက် ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ပြည်သူ့စစ်များအပါအဝင် ၁၅ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ဟု ထုတ်ပြန်သည်။

” အဲဒီထမင်းမစားမှာ စခန်းထိုင်နေတဲ့ စကစတွေထွက်ပြေးပြီးနောက်မှာ သူတို့က ကျနော်တို့ကို ထိုးစစ်ပြန်ဆင်တယ်။ ဒါပေမဲ့ ကျနော်တို့ တပ်ရင်း(၇)တပ်ခွဲ(၂)၊တပ်ခွဲ(၅) အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ခုခံပြန်တိုက်တော့ အထိအခိုက်သေဆုံးမှုများတော့ သူတို့က ပြန်ဆုတ်သွားတာ။ ခန့်မှန်းတာက သေဆုံးတာက ၁၀ကျော်နဲ့ အများကြီးဒဏ်ရာရတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် စက်တင်ဘာ ၁၀ရက်တွင် နောက်ပြန်ဆုတ်သွားခြင်းဖြစ်သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ဆုံးရှုံးထားရသည့် နယ်မြေများ၊ တပ်စခန်းများ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်နှင့်မေတ္တာ အကြား၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်း မောတောင်ဒေသစသည် တို့တွင်လည်း ထိုးစစ်ဆင်လျက်ရှိရာ KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များ အတူတကွ ခုခံတိုက်ခိုက်လျက်ရှိရာ စစ်တပ် အထိနာလျက်ရှိသည်။

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေ၍ တပ်မဟာ(၄)နယ်မြေအတွင်း ပြည်သူလူထုသေဆုံးထိခိုက်မှုဖြစ်စဉ်များလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့ မြို့လုံးပတ် ပေါ်တာလိုက်ဆွဲနေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (စက်တင်ဘာ ၁၁ရက်)မနက်မှာ ဒေသခံအမျိုးသားတဦးကို သတ်ပြီး အမျိုးသမီးတွေအပါအဝင်ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထပ်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်အုပ်စုကြိုးပမ်းနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုလက်မခံကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအင်အားစုအားလုံးကအတိအလင်းထုတ်ဖော်ထားပြီးဖြစ်၍ နည်းမျိုးစုံသုံး ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။