close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မှာ PDF ခဲယမ်းသိုလှောင်စခန်း မီးလောင်ဆုံးရှုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့် ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ − Rocket Figher

စက်တင်ဘာ−၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ပေါက်မြို့နယ်အခြေစိုက် Rocket Figher တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်ခန်းတခု ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။

“ဗုံးသီးတွေ သူအလိုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ကျည်ကာဦးထုပ်၊ အီကွေးမန့်၊ ယူနီဖောင်း၊ သေနတ်၊ ဗုံးသီးအချို့နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတော်တော်များများပါသွားပါတယ်”လို့ ၎င်းကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ချိန် ရဲဘော်တွေရောက်ရှိလာခဲ့ပြီးမီးငြိမ်းသတ်နိုင်ခဲ့ပေမဲ့ နာရီဝက်ကြာ လောင်ကျွမ်းခဲ့တာကြောင့် ခဲယမ်းပစ္စည်းများအပါအဝင် ကျပ်သိန်း ၅၀၀ ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ Rocket Figher တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်ထဲမှာ မနေ့က စက်တင်ဘာ ၁၀ ရက်နေ့ကပဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။