close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ တိုက်ပွဲဖြစ်နေလို့လမ်းပိတ်ထား

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမှာတိုက်ပွဲဖြစ်နေလို့လမ်းပိတ်ထားကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမှာ ကားပိတ်လို့စောင့်နေတဲ့ယာဥ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-နယ်ခံ

စက်တင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမှာတိုက်ပွဲဖြစ်နေလို့လမ်းပိတ်ထားကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးလမ်းမကြီးရဲ့ လမ်းပိုင်းတနေရာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသည်တင်ယာဥ်တွေ ရပ်နားထားကြောင်း မုံရွာမြို့ခံတွေက ပြောပါတယ်။

“ မုံရွာအထွက်မအူဂိတ်ကလှည့်ပြန်ခိုင်းတာ။ တချို့ကလည်း အဲအကျော်ကနေ ပြန်လှည့်ရတယ်။ ဒီနေ့အဝင်ကောအထွက်ကော မရှိဘူး။” လို့ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လမ်းကြောပိတ်ထားလို့ ဖြတ်သန်းလို့မရတဲ့အတွက် ဘယ်နေရာမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာ ကိုမသိဘူးလို့ ဒေသခံတွေက ​ပြောပါတယ်။ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကလည်း မုံရွာ-မန္တလေးလမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

လမ်းပိတ်ထားတာကြောင့် ခရီးသည်တင်ယာဥ်လိုင်းတွေလည်း ပြေးဆွဲမှုရပ်နားလိုက်ပြီး လမ်းပွင့်လျှင်ပွင့်ခြင်း ပြန်လည်ပြေးဆွဲမယ်လို့ ကားဂိတ်တချို့က အသိပေးပါတယ်။

မုံရွာ-မန္တလေးလမ်းမှာ စစ်အုပ်စုက ခရီးသည်တင်ယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှာခိုင်းတာတွေလည်း ပြုလုပ်နေပါတယ်။ စစ်ကောင်စီယာဥ်တွေဖြတ်သန်းချိန်တိုင်းလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိပြီး လမ်းမကြာခဏပိတ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေလို့ ကားတွေပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

Facebook