close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဒီမိုကရေစီစံနှုန်းနှင့်မညီ၍ မပါဝင်ကြရန် KNU တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

KNU/KNLAတပ်မတော်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

စက်တင်ဘာ-၁၆၊ ၂၀၂၅။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည်ဒီမိုကရေစီစံနှုန်းနှင့်မညီသောကြောင့်လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲတွင် ပါဝင်မှုမပြုရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်သည်။

စက်တင်ဘာလ၁၅ ရက်ကအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် KNU က ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကော်သူးလေအတွက်သာမက မြန်မာတပြည်လုံး ဒီမိုကရေစီ အပြည့်ဝရရှိရန်အတွက် တွန်းလှန်တိုက်ပွဲဝင်ကြသောလူငယ်များ၊တက်ကြွလှုပ်ရှားသူများ၊ရဲဘော်တပ်မှူးများ၊ တော်လှန် ရေး မိတ်ဖက်အဖွဲများအားလုံးနှင့် ခေါင်းဆောင်များ အားလုံးကို ဂုဏ်ပြုကြောင်း ဖော်ပြသည်။

KNU သည် ဒီမိုကရေစီ စံနှုးနှင့်အညီ Bottom-up ဖက်ဒရယ်ဒီမိုကရေစီမူကိုအခြေခံသော နိုင်ငံရေးလမ်းစဥ်များကို ချမှတ်လျက်ရှိပြီး ကော်သူးလေနှင့် မြန်မာပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီအစစ်အမှန်ကို ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲများနှင့် ကြိုးစားလုပ်ဆောင် နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

KNU အနေဖြင့်စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကိုလက်မခံကြောင်း တရားဝင်ထုတ်ပြန်အသိပေးထားသကဲ့သို့ KNU လက်အောက်ခံ ခရိုင်နှင့် တပ်မဟာများကလည်း KNU ဗဟို၏ ရပ်တည်ချက်အတိုင်းရပ်တည်ကာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု သတိပေးထားသည်။

စစ်တပ်က တဖက်သတ်ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူများကို ငရဲတွင်း ပို့ဆောင်ရန်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် ဖိနှိပ်ကျွန်ပြု ဂုတ်သွေးစုတ်ပြီးအသက်ရှင်လျက်သေလူနှင့်မခြားသည့်ဘ၀သို့ တွန်းပို့မည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)က ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက စိတ်ကိုင်းကျစီစဥ်ပြီးကျင်းပဖို့လုပ်​နေတဲ့ကောက်ပွဲကို နိုင်ငံတကာအလုပ်သမားသမဂ္ဂ​တွေနဲ့ဂျာနယ်လစ်​တွေကစုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Facebook