ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေတွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံတွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။
” မိုးက ၁၄ရက်နီးလောက်ကစပြီးသဲသဲမဲမဲရွာတာ။ မန်စေခွန်ရွာ ရေဘေးကြုံတာကတော့ ၁၆ရက်(စက်တင်ဘာ)နေ့က ဖြစ်တယ်။ စပါးခင်းတွေပျက်စီးသွားတာက တစ်ရွာလုံးပဲဗျ။ ဘယ်လိုအကူအညီပေးရမှန်းမသိအောင်ဖြစ်နေတယ်” လို့ ပူတာအိုမြို့ခံတစ်ဦးကရုပ်သံမှတ်တမ်းရိုက်ကူးပြီးပြောပါတယ်။

မန်စေခွန်ကျေးရွာအပါအဝင် ပူတာအိုမြို့နယ်က နေ ၁၀မိုင်မှ၁၅မိုင်ကြားဝေးတဲ့ ရွာအချို့လည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။စပါးခင်း တွေပျက်စီးသွားပြီး အခုအခြေအနေနဲ့ ဒီရာသီမှာ ပြန်လည်စိုက်ပျိုးဖို့ မဖြစ်နိုင်တော့တဲ့အတွက်ဒေသခံပြည်သူတွေဟာအခက်အခဲကြုံနေလို့ အကူအညီပေးကြဖို့ ဒေသခံအချို့က လူမှုကွန်ရက်မှတစ်ဆင့်အကူအညီတောင်းနေကြတာဖြစ်ပါတယ်။
ဒါအပြင်ပူတာအိုဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို ၊စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလမ်းပိုင်းတွေပိတ်မိပြီးပျက်တောက်နေတာကြောင့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှု နဲ့ ကုန်ဈေးနှုန်းကြီးတဲ့ ဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ဒေသဖြစ်ပါတယ် ။
လက်ရှိရာသီဥတုအခြေအနေအရဘင်္ဂလားပင်လယ် အော်မှာမုတ်သုန်လေအားကောင်းနေသလို တောင်တရုတ်ပင်လယ်ပြင်မှာအပူပိုင်းမုန်တိုင်း “မီတက်” (MITAG) ဖြစ်နေပါတယ်။
ကချင်ပြည်နယ်အပါအဝင်ဒေသ အများအပြားမှာမိုးကောင်းနိုင်သလို နေရာကွက်မိုးကြီးခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း တွေ သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားပါတယ်။
ပူတာအိုမှာ တောင်ကျချောင်းရေကြောင့်စပါးခင်းတွေပျက်စီးကုန်လို့ ဒေသခံတွေအကူအညီတောင်း စက်တင်ဘာ-၁၉၊၂၀၂၅။လူအေး/People'…
Posted by People's Spring on Friday 19 September 2025
ရုပ်သံ-CJ
