close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့သိမ်းအောင်ပွဲ PDF များကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ဂုဏ်ပြု

ဗိုလ်ချုပ်ဂွန်​မော်၏ မှတ်ချက်

“အတွေ့အကြုံနဲ့ စွမ်းရည် မြင့်လာသော PDF။ ပြည်သူ့အတွက် အောင်ပွဲတွေ ပိုပြီး ရရှိနိုင်ပါစေ”

စက်တင်ဘာ-၂၁၊၂၀၂၅။People’s Spring

တော်လှန်ရေးတပ်များ ဗန်းမောက်မြို့သိမ်းအောင်ပွဲရရှိခဲ့မှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ဂုဏ်ပြုလိုက်သည်။

ဗန်းမောက်မြို့ကို​တော်လှန်​ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့အဝင် ဆိုင်းဘုတ်ရှေ့၌ PDF အလံလွှင့်ထူအောင်ပွဲခံခဲ့သည့် ရုပ်သံမှတ်တမ်း ကို People’s Spring က ယနေ့ည၌ သတင်းဖော်ပြခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မှတ်ချက်​ရေးသားဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

PDF များ ဗန်း​မောက်မြို့ဝင်ဆိုင်းဘုတ်​ရှေ့တွင်​အောင်ပွဲခံစဥ်

“အတွေ့အကြုံနဲ့ စွမ်းရည်မြင့်လာသော PDF။ ပြည်သူ့အတွက် အောင်ပွဲတွေ ပိုပြီး ရရှိနိုင်ပါစေ” ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဗန်းမောက်မြို့၌ PDF အလံလွှင့်အောင်ပွဲခံသည့် သတင်းတွင် ဝင်ရောက်မှတ်ချက်ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ထိုသို့ မှတ်ချက်ဝင်ရောက်ရေးသားမှုအပေါ် လူမှုကွန်ယက်အသုံးပြု​သောပြည်သူများက ကျေးဇူးတင်လေးစားကြောင်း တုန့်ပြန်မှတ်ချက်ရေးသားခဲ့ကြသည်ကိုလည်းတွေ့ရသည်။

“ ဗိုလ်ချုပ်တို့ရဲ့ လေ့ကျင့်/ပျိုးထောင်ပေးမှုကြောင့် အောင်ပွဲရနေတာပါ” ဟုပြည်သူတဦးက​ရေးသားမှတ်ချက်ပြုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ရှမ်းနီ SNA တို့ တပ်စွဲထားသည့် ဗန်းမောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးကို တော်လှန်ရေးပူးပေါင်းတပ်က စက်တင်ဘာ ၁၅ရက်တွင် စတင်ခဲ့ရာ တိုက်ပွဲ ၆ရက်မြောက်နေ့တွင် မြို့ကိုသိမ်းနိုင်ခဲ့သည်။

အဆိုပါ ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်​ဒေသကွပ်ကဲမှုဖြင့် စစ်ရေးဖော်ဆောင်ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၁၉ရက်တွင် ပြောပြထားသည်။

​တော်လှန်​ရေးတပ်များက ဗန်း​မောက်မြို့ကိုသိမ်းယူခဲ့သဖြင့် ယခုအခါ စစ်ကိုင်းတိုင်း၌ ​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​သော မြို့ ၇ မြို့ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်လိုက်တဲ့ဗန်းမောက်မြို့သိမ်းတိုက်ပွဲရဲ့ ပထမဆုံးရုပ်သံဖိုင်ဖေစ်ဘွခ်လူမှုကွန်ယက်မှာ စက်တင်ဘာ ၂၁ ရက်ည​နေပိုင်းမှာစတင်ပျံ့နှံ့လာပါတယ်။

ဆောင်းပါး

တော်လှန်​ရေးအင်အားစု​တွေရဲ့ ဗန်း​မောက်မြို့သိမ်းတိုက်ပွဲအ​ကြောင်းဒီတစ်ပါတ်​ပြောပြပါမယ်။

သတင်း

မြို့သိမ်းတိုက်ပွဲကိုအမှတ်(၁)စစ်​ဒေသကကွပ်ကဲခဲ့ခြင်းဖြစ်ပြီးစစ်​ဒေသတည်​ထောင်ခြင်း(၄)နှစ်​ပြည့်​​နေ့တွင်သိမ်းပိုက်နိုင်ခြင်းဖြစ်

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူက ပြောသည်။