close
Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်မှ စစ်ကောင်စီရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ−၂၁၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၀ရက် ည ၉ နာရီခွဲလောက်က စန်ကြီးလောင့်ကျေးရွာ ရာအိမ်မှူး ဇော်မင်းနိုင်အား ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ရင်းရုံးရဲဘော်များနှင့် တပ်ခွဲ(၄)ရဲဘော်များမှ သေနတ်ဖြင့်ခုနစ်ချက်ပစ်ခတ်၍ သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ စစ်အုပ်စု ကင်းပတ်ရာမှာ လမ်းပြအနေနဲ့ လိုက်ပေးတာ၊ စစ်မှုထမ်းကြေးကောက်ရာမှာ စစ်အုပ်စုရဲ့သတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုကောက်ခံတာ၊ သူ့အိမ်မှ ာစစ်အုပ်စုကိုတည်းခိုခွင့်ပြုပြီး ချက်ပြုတ်ကျွေးမွေးတာတွေ ရှိပါတယ်။ အခုလို စစ်အုပ်စုအလိုကျ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ်အရေးယူလိုက်တာပါ” လို့ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူက လူ ထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရာအိမ်မှူးဇော်မင်းနိုင်အား ရှင်းလင်းရန်သွား ရောက်ရာမှာ ၎င်းရဲ့ နေအိမ်မှာရှိမနေဘဲ တခြားနေအိမ်တစ်အိမ်သို့ သွားရောက်နေကြောင်းသိရှိရတဲ့အတွက် အဲဒီနေအိမ်အထိ သွားရောက်ရှင်းလင်းရာမှာ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် လွတ်မြောက်ခြင်းမရှိသလို စစ်ရေးနှင့်မသက်ဆိုင်သူများကိုလည်း ထိခိုက်မှုမရှိအောင် လှုပ်ရှားနိုင်ခဲ့တယ်လို့ တပ်ခွဲတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ရာအိမ်မှူးဇော်မင်းနိုင်ကို စစ်ကော်မရှင်အလိုကျ လုပ်ဆောင်နေတာတွေ ရပ်တန်းကရပ်ဖို့ အကြိမ်ကြိမ်သတိ ပေးခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ ဆက်လက်လုပ် ကိုင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ရတာလို့ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄ က အသိပေးပါတယ်။

စက်တင်ဘာ ၁၇ ရက်ကလည်း နတ္တလင်းမြို့နယ်၊ ရှားစီးဘိုရွာ အောက်စုမှ ရာအိမ်မှူးဖိုကျော်ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၇ မှ ရဲဘော်တွေက နေအိမ်ကိုသွားရောက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်သေဆုံးခဲ့ပါတယ်။

အထက်ပါ ရာအိမ်မှူးနှစ်ဦးပစ်ခတ်ခံရပြီးနောက်မှာ နတ္တလင်းမြို့နယ်ထဲက စစ်ကောင်စီရာအိမ်မှူတချို့ နှုတ်ထွက်တဲ့အကြောင်း ဒေသခံတွေထံက စုံစမ်းသိရပေမယ့် အရေအတွက်အတိ အကျနဲ့ အ​​ခြေအနေအပြည့်အစုံကို မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့မရဲစခန်းကနေ နယ်ပြောင်းတဲ့ စစ်တပ်လက်အောက်ခံရဲ၆ ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၀ရက်ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။