close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ စစ်ကိုင်းနဲ့ တနင်္သာရီိတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ၅/ကသာလူထုအောင်လံသပိတ်အဖွဲ့က “ No Votes UnderGuns-Reject The Junta’s Sham” စာသားကိုင်ဆွဲပြီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေဟာ စစ်ကောင်စီက အကောင်ထည်ဖော်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး သပိတ်မှောက်တဲ့အနေနဲ့ “ ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက်” ၊ “ သေနတ်အောက်မှာမဲမပေးနဲ့” ၊ “ စကစရဲ့အလိမ်အညာကိုလက်မခံနဲ့” ၊ “ ငုံ့မခံနဲ့တုံ့ပြန်ကြအာဏာရှင် မှန်သမျှ” စာသားကိုင်ဆွဲပြီး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ဒီကနေ့ နေ့လည်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်လုပ်တဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို “ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းညီနောင်က ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းတွေကို တားမြစ်ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဒီကနေ့ (စက်တင်ဘာ ၂၄)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။