close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ ရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ရပ်မိရပ်ဖတွေ လိုက်ရွေးပေးနေ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စင်တင်ဘာ-၂၅၊ ၂၀၂၅။ ဘမောင်/People’s Spring

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အခုရက်ပိုင်း သရက်ချောင်းနယ်၊ ရန်တောင်ရွာဘက်ကို ရောက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေဟာ အဲဒီရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံကာ အစည်းအဝေးလုပ်၍ ရပ်မိရပ်ဖအဖြစ် ရွာခံငါးဦးကို ရွေးချယ်ပေးခဲ့ပြီး သူတို့ရှိနေချိန် PDF တွေလာပစ်ရင် တရွာလုံးကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

“ (တပ်စွဲတာ)ပုံသေတော့ မဖြစ်သေးဘူးဗျ။ ခဏတပ်စွဲပြီး အစည်းဝေးလုပ်သွားတာတော့ရှိတယ်။ အစည်းဝေးက ရပ်မိရပ်ဖ ၅ ဦးရွေးပေးခဲ့တယ်ပြောတယ်။ သူတို့က ရွေးကောက်ပွဲလုပ် ငန်းစဉ်အတွက် အကောင်ထည်ဖော်ချင်တာထင်တယ်” လို့ ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာတော့ ရန်တောင်ရွာကတဆင့် သင်းကျွန်းရွာသို့ အင်အားတချို့ခွဲသွားတာရှိသလို သရက်နှစ်ခွကနေ ဥတ္တူရွာဘက်ကိုလည်း အင်အားတချို့ ခွဲသွားကြတယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာ ထားဝယ်ခရိုင်၊ ထားဝယ်မြို့သို့သွားရောက်ခဲ့ပြီး မြို့နယ်ခန်းမအသစ်ဖွင့်ပွဲသို့တက်ရောက်ခဲ့သလို လောကမာရဇိန်ဘုရားကြီးသို့လည်း သွားရောက်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ အဲဒီထားဝယ်ခရီးစဥ်ဟာ လာမယ့် ဒီဇင်ဘာမှာပြုလုပ်မယ်လို့ကြေညာထားတဲ့ စစ်အုပ်စုရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့ ခရီးစဥ်တခုဖြစ်နိုင်တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့မရဲစခန်းကနေ နယ်ပြောင်းတဲ့ စစ်တပ်လက်အောက်ခံရဲ၆ ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ကျားသစ်နက်တပ်ဖွဲ့နဲ့ဘီလုံးပြောင်ကျားတပ်တို့ကစက်တင်ဘာ၂၀ ရက်​နေ့မှာပူးပေါင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။