ဒီဇင်ဘာ-၄၊၂၀၂၅။သတိုး/People’s Spring
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ကသပိတ်စစ်ကြောင်းတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီနေ့ (ဒီဇင်ဘာ၄) ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် အနောက်ခြမ်းက နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြောင်း လှူပ်ရှားမှုကို ကြွေးကြော်သံတွေနဲ့ အတူချီတတ်ဆန္ဒပြခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စတဲ့စာသားတွေကိုကိုင်ဆောင်ပြီး မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကို ချက်ချင်းလွှတ်ဖို့ ကြွေးကြော်ချီတတ်ခဲ့ကြတာပါ။

Public Service Announcement
အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းကလည်း” သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုကိုင်ဆောင်ကာစစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
အောင်လံလွှင်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းကလည်း လုပ်ငန်းခွင်ဝင်ရချိန်ဖြစ်ပေမယ့် နေ့စဉ်ပြုလုပ်နေကြအတိုင်း ဒီနေ့မှာလည်းအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ လက်နှစ်ဖက်ကို အမှားနဲ့ သင်္ကေတပြုလုပ်ပြီး တိုက်တွန်းခဲ့ကြပါတယ်။



















































