close
Connect with us

Hi, what are you looking for?

သတင်း

ပြည်လုံးကျွတ်အသံတိတ်သပိတ်အကြိုအဖြစ် ရန်ကုန်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

ရန်ကုန်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်အကြို လှုပ်ရှားမှုအဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၉) မှာ ဆန္ဒပြခဲ့ပါတယ်။

ဒီဇင်ဘာ ၉၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်အကြို လှုပ်ရှားမှုအဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၉) မှာ ဆန္ဒပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

လှုပ်ရှားမှုအနေနဲ့ ဆူးလေလူကူးတံတားအနီးက အမှိုက်ပုံးတစ်ခုဘေးမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ နဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်အကြောင်း သတိပေးထားတဲ့ ဘုတ်တစ်ခုကိုထောင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း၊ ချောက်မြို့နယ်မှာလည်း အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၉ ရက်)မှာ ချောက်မြို့နယ်အမှတ် (၃)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်နဲ့ ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာပေါင်း၁၄ရွာအတွင်းမှာ ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အကြိုလူထုလှုပ်ရှားမှုအဖြစ် Silent Strike အပြင်မထွက်သပိတ်မှာ ပူးပေါင်းပါဝင်ရေး၊မြို့ကြီးပြကြီးတွေကို​ ခရီးမထွက်ရေးနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုနှိုးဆော်မှု ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဒေသခံပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေဟာ (၇၇)နှစ်မြောက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် “ ငါတို့အသံ ငါတို့တိုက်ပွဲ ငါတို့အခွင့်အရေး” “ Our Voice, Our Fight, Our Right “ စာသားတွေ ကိုင်ဆောင်ပြီး လူ့အခွင့်အရေးနေ့အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စားသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးကဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ပြည်လုံးကျွတ် လူထုသပိတ်မှာ ပူးပေါင်းပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ပါတယ်။

ပြည်သူအားလုံးပါဝင်နိုင်ဖို့အတွက် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

မနက်ဖြန် အသံတိတ်သပိတ်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး (Silent Strike) ဆင်နွှဲပြီးတော့ လူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး သုံးရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့နဲ့ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook