close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှာ Starlinkအသုံးပြုမှု ဒီနှစ်ကုန်အထိပိတ်သိမ်းဖို့ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ Starlink အင်တာနက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာထားစဉ်။ ဓာတ်ပုံ−AFP

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

အမှတ် (၁)စစ်ဒေသ၊ ကွတ်ကဲရေးမှုးရုံးနဲ့ ကသာခရိုင် အမှတ် (၂) တပ်ရင်းတို့ရဲ့ ရည်ညွန်းချက်အရ Starlinkဝန်ဆောင်မှု ဖွင့်လှစ်ခြင်း၊ အိမ်တွင်းဖွင့်လှစ် အသုံးပြုခြင်းကို ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်ရေးအရ ယာယီပိတ်သိမ်းထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ပိတ်သိမ်းချိန်ကာလအတွင်း ဖွင့်လှစ်မှုများတွေ့ရှိပါက အသိပေးခြင်း၊ သိမ်းဆည်းခြင်းများပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ အင်းတော်ပအဖက သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ Starlink ပိတ်ရမယ့်အ‌ခြေအနေတခုမှာ ပြည်သူလည်း လိုက်နာရသလို အဖွဲ့အစည်းကလူတွေလည်း ငါကအဖွဲ့အစည်းက ငါ့အိမ်ကလူတွေတော့သုံးဆိုပြီး အရင်တခါလို အာဏာအလွဲသုံးစားမလုပ်ပါနဲ့။” လို့ အင်းတော်ဒေသခံပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

Starlinkပိတ်တာနဲ့ပတ်သက်ပြီး အင်းတော်ပအဖကို ဆက်သွယ်မေး​​မြန်းလို့ မရသေးပါဘူး။

ပြီးခဲတဲ့ စက်တင်ဘာလအတွင်းကလည်း ဗန်းမောက်မြို့နယ်မှာ အင်တာနက်လုပ်ငန်းတွေပိတ်ဖို့

ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ခဲ့ပါသေးတယ်။

အင်းတော်မြို့ကို တော်လှန်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်အလွန်ကတည်းကတိုက်ခိုက်ခဲ့ပြီး ၈ လကျော်အကြာ ဧပြီ ၇ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပြည်သူတွေရဲ့ ဆီဘောက်ဆာကားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။