close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူတွေ ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထု ကြေညာ

ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထုက ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)နဲ့ လူငယ်​ရေးရာဌာတို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲကို ၂၀၂၅ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Union of Karenni State Youth - UKSY

ဒီဇင်ဘာ-၂၁၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထုက ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်အတွက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၊ကရင်နီပြည်လူငယ်ရေးရာကော် မတီ၊ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ၊ကရင်နီပြည်လူငယ်များသမဂ္ဂ၊အရပ်ဖက်လူငယ်အဖွဲ့အစည်း၊ကရင်နီပြည်ဌာနေတိုင်းရင်းသားလူမျိုးစုနဲ့ ကျောင်းသား လူငယ်ကိုယ်စားလှယ်တွေ စုပေါင်း ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ ကရင်နီမြေပြင်တနေရာမှာ ပြုလုပ်ခဲ့ပြီး တိုက်တွန်းမှု သဘောတူညီချက်ငါးချက် ရရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကရင်နီပြည််မှာ တပ်တစ်တပ်တည်းဖြစ်ဖို့ လူငယ်ထု တွေအားလုံးလက်ခံပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ပြည်နယ်တပ်တစ်ခုတည်းဖြစ်ရေးနဲ့ အစိုးရတစ်ရပ်တည်းဖြစ်ဖို့ကိုလည်း ပြည်နယ်တွင်း အစုအဖွဲ့တွေက အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်။

စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝကန့်ကွက်ပြီး လူထုအားလုံး ပူးပေါင်းတာမလုပ်ဖို့နဲ့ ကရင်နီပြည်နယ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်မယ်လို့ လည်း သိရပါတယ်။

ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေမှာ လူငယ်တွေပါဝင်ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းကို သက်ဆိုင်ရာအစုအဖွဲ့တွေက ထားရှိပေးဖို့လည်း အသိ​ပေးပါတယ်။

ဒါ့အပြင် လက်ရှိ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေး ၊စစ်ရေး အခြေအနေတွေနဲ့ ဒေသအလိုက်လူငယ်တွေရဲ့အခြေအနေ ၊လူငယ်တွေရဲ့ဘုံသဘောတူညီချက်တွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ် လွိုင်ကော် ၊ ဘောလခဲ ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

အဲဒီမြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မှတ်ပုံတင်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ KySPP၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်း ရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)ပါတီတို့က ကိုယ်စားလှယ် ၈၇ ဦး ဝင်ပြိုင်မှာဖြစ်ပါတယ်။

“ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဗမာ တိုင်းရင်းသားတွေ ခပ်များများပါတယ်။ကရင်နီမှာရှိတဲ့သူက အနည်းအကျဥ်း ဖြစ်ပါတယ်။နိုင်ငံရေးနယ်ပယ်ထဲမှာ တွေ့ရတံသူတွေမဟုတ်ဘူး။အာဏာသိမ်းပြီးစစ်တပ်အလိုကျ ထောက်တိုင်တွေ ရေပေါ်ဆီလူတန်းစားခပ်များများ ပါ” လို့ ကရင်နီပြည်လူငယ်ထုရဲ့ပြန်ကြားရေးတာဝန်ခံ ကိုခွန်သောမတ်က ပြောပါတယ်။

ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအားလုံးဟာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ခံရမယ်လို့လည်းသူက ဆက်ပြောပါတယ်။

“ စစ်ကောင်စီကလူထုတစ်ရပ်လုံးရဲ့ ဘုံရန်သူဖြစ်တယ်။ဘုံရန်သူကို အကျိုးရှိစေတာမှန်သမျှဟာလည်း ကျွန်တော်တို့ရဲ့ ရန်သူပဲ။ဘုံရန်သူကို ထောက်တိုင်ဖြစ်စေတာလည်း လူထုရဲ့ ရန်သူလို့ ကျွန်တော် တို့ မှတ်ယူတယ်” လို့ ကိုခွန်သောမတ်က ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

ကရင်နီပြည်လူထုအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပက်သတ်ပြီး မဲရုံနဲ့ မဲရုံအနီးအနားပတ်ဝန်းကျင်တွေမှာ နေထိုင်တာ၊ သွားလာတာမလုပ်ဖို့ ကရင်နီပြည်တပ်မတော် (KA)က သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကစပြီး ဇန်နဝါရီ ၅ ရက်အထိ ကရင်နီပြည်နယ်မှာ အရေးကြီးကာလအဖြစ်သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU တို့ပူးပေါင်းပြီး စစ်တပ်​ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်သည့် ဆိုင်းဘုတ်(ပိုစတာ) များကိုမြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းတလျှောက်ဖြစ်တဲ့ ကလေး-တီးတိန်-ရိဒ်မှာ လိုက်လံစိုက်ထူခဲ့ကြပါတယ် ။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။