သတင်း နွားထိုးကြီးအနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်မီးတင်ရှိို့ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo5 minutes ago
သတင်း သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ludunwayoo6 ရက် ago
သတင်း PNO ပြည်သူ့စစ်က ပအိုဝ်းဒေသကျေးရွာများမီးရှို့ဖျက်ဆီးသည့် ရုပ်သံမှတ်တမ်း PNLA ထုတ်ပြန် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။ ludunwayooဩဂုတ် 17, 2025
သတင်း မင်းလှတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးထပ်ရှို့၊ နှစ်ပတ်အတွင်း ကျေးရွာ ၁၃ ရွာ မီးရှို့ဖျက်ဆီးခံရ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဇူလိုင် ၂ ရက်တွင် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းလှမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ludunwayooဇူလိုင် 2, 2025
သတင်း မင်းကွန်းဒေသ ကင်းရွာ မီးရှို့ခံရ မန္တလေး တဖက်ကမ်း စစ်ကိုင်းတိုင်း ၊ မင်းကွန်းဒေသရှိ ကင်းရွာ ပြီးခဲ့တဲ့ ရက်ပိုင်း က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 25, 2025
သတင်း စလင်းမြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၁၀၀ကျော် မီးလောင် မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ပေါင်းတည်မြို့နယ်တွင် ကျေးရွာတပ်စွဲထားသည့်စစ်တပ်က မီးရှို့၍ နေအိမ် ၄၀ကျော် မီးလောင်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ကျေးရွာအတွင်းလာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယင်းကျေးရွာအား မီးရှို့ဖျက်ဆီး၍ နေအိမ် ၄၀ကျော်နှင့် ဘုန်းတော်ကြီးကျောင်းမီးလောင်ပြာကျသွားကြောင်း ပြည်ခရိုင် PDFတပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 12, 2025
သတင်း ငါန်းဇွန်မှာ ရွာမီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို PDF တွေတိုက်ခိုက် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူစောထီးတွေကို PDFတွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးကပြောပါတယ်။ ludunwayooဇန်နဝါရီ 15, 2025