close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်မှာ စစ်တပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က သင်းကျွန်းရွာနဲ့ ရန်တောင်ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ−၈၊ ၂၀၂၅။ကျော်ဇော/ People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က သင်းကျွန်းရွာနဲ့ ရန်တောင်ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မိုးရွှေကူရွာနဲ့ စော်ဖျားရွာဘက်ကနေ တပ်ဆုတ်လာတဲ့ အင်အား ၁၂၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သင်းကျွန်းနဲ့ ရန်တောင်ကျေးရွာတွေကို စင်တင်ဘာ ၇ ရက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရန်တောင်ကျေးရွာက နေအိမ် ၃၀ ခန့်နဲ့ သင်းကျွန်းရွာက နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူအများအပြားလည်း ဘေးလွက်ရာထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သရက်နှခွဂိတ်ကလည်း လက်နက်ကြီးတွေ အဲဒီရွာထဲကို ပစ်နေတယ်။ ပြည်သူထိခိုက်မှုရှိတယ်လို့ သိရတယ်ဗျ”လို့ စစ်ရေးသတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ နေအိမ်တွေကို ဝင်ရောက်မီးရှို့သွားတဲ့ သင်းကျွန်းရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ရန်တောင်ရွာကတော့ အိမ်ခြေ ၃၀၀ လောက်ရှိနိုင်သလို နှစ်ရွာပေါင်းလူဦးရေဟာ ၁,၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

စင်တင်ဘာ ၈ ရက် ဒီကနေ့မှာတော့ သင်းကျွန်းနဲ့ရန်တောင်မှာ တညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ သရက်နှခွရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မဒဲ၊ကန်နီ ၊အင်းကုန်းနှင့် မကျည်းစုကျေးရွာမှ ဒေသခံပြည်သူ ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊မေတ္တာမြို့မှာရှိတဲ့စစ်ကောင်စီတပ် ဗျူဟာကိုယခုရက်ပိုင်းမှာအင်အားရာချီစေလွှတ်ပြီးခံစစ်ပြင်နေတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် သြဂုတ် ၂၈ရက်က သုံးနာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်ရှိခဲ့ဟု ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားသည်။

Trending

Facebook