Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာမွေမြို့နယ်တွင် ယာဥ်စစ်ဆေးနေသည့် စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ

ယနေ့(မတ်လ ၂၈ ရက်)နံနက် ၁၀နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သူ နှစ်ဦးရှိကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

(ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီအုပ်စု (ယာဥ်ထိန်းရဲ၊ရဲနှင့် စစ်သား) အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီအုပ်စု (ယာဥ်ထိန်းရဲ၊ရဲနှင့် စစ်သား) အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယာဥ်စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားနှင့် ယာဉ်ထိန်းရဲများ ဗုံးပစ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၂၈ ရက်)နံနက် ၁၀နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သူ နှစ်ဦးရှိကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ ယာဥ်ထိန်းလေးဦး နဲ့ စစ်သားတစ်ဦးပါတယ်။ ခုံးတံတားပေါ်ကနေ လက်ပစ်ဗုံးနဲ့ ဆော်သွားတာ။ယာဥ်ထိန်း နှစ်ယောက်သွေးတွေနဲ့အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်” ဟု အခင်းဖြစ်စဥ် အနီးနေထိုင်သူက ရှင်းပြ သည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့၏ နေရာအများစုတွင် စစ်ကောင်စီ၏ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များမှာ ငွေကြေး အဓမ္မတောင်းခံလေ့ရှိသည့်အတွက် ယခု တိုက်ခိုက်မှုကို ကြိုဆိုကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“ မီးဝါ ဖြတ်မိလို့ ရုံးမှာဒဏ်မသွားဆောင်ချင်ရင် သူတို့က အနည်းဆုံးနှစ်သောင်းတောင်းတယ်။ဒီကောင်တွေက စခ တွေနဲ့ပေါင်းပြီး လူမိုက်ဆန်ဆန်တောင်းနေတာ ပိုအတင့်ရဲလာတယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သာ်ကို လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။