Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်တွင် စစ်တပ်လမ်းပိတ်ထား၍ စစ်ဘေးရှောင်ကျေးရွာသုံးရွာ စားနပ်ရိက္ခာအခက်ကြုံနေ

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဇူလိုင် ၂၉ ရက်မှစတင်ကာ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာနှင့် နံသာရွာတို့ရှိ ဒေသခံပြည်သူ ၄၀၀ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ခိုလှုံနေရသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သူဦးကြီးများအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သူဦးကြီးများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ စစ်ဘေးရှောင်ကျေးရွာ သုံးရွာ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဇူလိုင် ၂၉ ရက်မှစတင်ကာ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာနှင့် နံသာရွာတို့ရှိ ဒေသခံပြည်သူ ၄၀၀ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ခိုလှုံနေရသည်။

အဆိုပါကျေးရွာများမှ ရွှေဘိုမြို့ပေါ်သို့သွားရောက်သည့်လမ်းပိုင်းအား ပိတ်ထား၍ အခက်အခဲများတွေ့နေရခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

“ရွှေဘိုလမ်းပိတ်တော့ မူးကမ်းဘက်မှာဘဲဝယ်နေရတော့ ရိက္ခာပိုင်းအခက်အခဲဖြစ်တာ။ရှိတာရှာဖွေကျွေးနေရတယ်။”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအချို့မှာ ဒီပဲယင်းမြို့နယ်ဘက်သို့ပါ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲကြုံရနိုင်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။