Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားထိန်းချုပ် နယ်မြေ ဒါဂျီစတန်မှာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံး

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ အနက်ရောင်တွေ ဝတ်ထားပြီး ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ သေနတ်သမားတွေက ရဲကားတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။

ရုရှားထိန်းချုပ် နယ်မြေ ဒါဂျီစတန်မှာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံး
ရုရှားထိန်းချုပ် နယ်မြေ ဒါဂျီစတန်မှာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံး

ရုရှားထိန်းချုပ်ထားရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ တစ်ခုမှာ ရဲအရာရှိတွေ၊ ခရစ်ယာန်နဲ့ ဂျူးဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် လူအသေအပျောက် အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှားရဲ့ တောင်ဖက်စွန်းမှာ တည်ရှိတဲ့ ဒါဂျီစတန် ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သေနတ်သမားတချို့ အကြမ်းဖက် တိုက်ခိုက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။ သေနတ်သမားတွေဟာ အော့သိုဒေါ့စ် ခရစ်ယာန် ဘာသာရေး ပွဲတော်ဖြစ်တဲ့ ပန်တီကို့စ် ကျင်းပမှုနဲ့ အချိန်ကိုက်ပြီး ဒါဘန့်နဲ့ မက်ကက်ချ်ခါလာ မြို့တွေမှာ တပြိုင်တည်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုမှာ အသေအပျောက်က ဒါဇင်နဲ့ချီ များပြားနိုင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ရဲဝန်ထမ်း ၇ ဦး၊ ခရစ်ယာန် ဘုန်းတော်ကြီး ၁ ဦးနဲ့ လုံခြုံရေး အစောင့် ၁ ဦး၊ တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၆ ဦးတို့ ပါဝင်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြထားပါတယ်။ လွတ်မြောက်သွားတဲ့ သေနတ်သမားတွေ ကျန်နေဆဲဖြစ်ပြီး ရဲတွေက အပူတပြင်း လိုက်ရှာနေဆဲလို့ ဆိုပါ။

အကြမ်းဖက် တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာကို မသိရသေးပေမယ့် ဒါဂျီစတန်ဟာ အတိတ်တုန်းက အစွန်းရောက် အစ္စလာမ်မစ် လက်နက်ကိုင် အင်အားစုတွေရဲ့ ပစ်မှတ်ထားမှုတွေကို ကြုံခဲ့ရဖူးပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ အနက်ရောင်တွေ ဝတ်ထားပြီး ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ သေနတ်သမားတွေက ရဲကားတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။

ဒါဘန့်ဟာ အရမ်းရှေးကျတဲ့ ဂျူးဘာသာဝင် လူ့အဖွဲ့စည်းတွေ အခြေချ နေထိုင်ရာ မြို့ဖြစ်ပါတယ်။ အဲဒီမြို့ထဲမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ခုနဲ့ ဂျူးဘုရားကျောင်းတစ်ခု ပစ်ခတ်ခံရပြီး နောက်တော့ မီးပါ အရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ မက်ကက်ခ်ျခါလာမှာလည်း ဘာသာရေး အဆောက်အအုံတွေကိုသာ မကဘဲ ရဲစခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

နောက်ဆက်တွဲ သတင်းတွေအရ ရဲတွေဟာ ဆာဂိုကင်လီစကီးခရိုင် အုပ်ချုပ်ရေးမှူး မာဂိုမက်ဒ် အိုမာရော့ဗ်ကိုလည်း သူ့သားနှစ်ဦးက သေနတ်သမားတွေထဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ကြောင်း သိရပါတယ်။

ဒါဂျီစတန်ဟာ ရုရှားနိုင်ငံ ပိုင်နက်ထဲမှာ အဆင်းရဲဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ဖွဲ့စည်းပါဝင်ပြီး မွတ်ဆလင် အများစု နေထိုင်ရာ နယ်မြေတွေ စုဖွဲ့ထားပါတယ်။ ကော်ကေးရှပ်စ် စော်ဘွားနိုင်ငံလို့ နာမည်ပေးထားတဲ့ မွတ်ဆလင် အစွန်းရောက် လက်နက်ကိုင် အဖွဲ့တစ်ခုဟာ ၂၀၀၇ ကနေ ၂၀၁၇ ခုနှစ်အတွင်း ဒါဂျီစတန်နဲ့ အိမ်နီးချင်း ရုရှား ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချေချင်းညာ၊ အင်ဂူရှီတီရာ၊ ကာဘာဒီနို-ဘော်ကေးရီးယားတို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။

မတ်လတုန်းကလည်း ရုရှားရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ Crocus ပြဇာတ်ရုံနဲ့ ခန်းမကြီးမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာပေမယ့် ရုရှားကတော့ အမေရိကန်နဲ့ ယူကရိန်းတို့ကို စွပ်စွဲ အပြစ်တင်သွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၇ လတုန်းကလည်း USS Carl Vinson ဦးဆောင်တဲ့ နောက်ထပ် အမေရိကန် CSG တစ်ခုဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြဖို့အတွက် တောင်ကိုရီးယားမှာ ကမ်းကပ်ခဲ့ဖူးပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ ဟားမားစ်တွေရဲ့ အခြေခံ အဆောက်အအုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

သတင်း

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အမေရိကန်နဲ့ ယူကရိန်းတို့ အဓိက စိုးရိမ်နေတဲ့ ဖြစ်နိုင်ခြေကတော့ မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်တွေကို အလုံးအရင်းနဲ့ ပေါ်ပေါ်ထင်ထင် ထောက်ပံ့လာတာမျိုးပါ။