Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါလက်စတိုင်းဆီ တပ်တွေလွှတ်မယ်လို့ တူရကီ သမ္မတခြိမ်းခြောက်၊ ဆက်ဒမ်ဟူစိန်လို အဖြစ်မျိုး ကြုံသွားမယ်လို့ အစ္စရေးတုံ့ပြန်

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဂန်ဟာ ပါလက်စတိုင်း အရေးအတွက် အတက်ကြွဆုံး လှုပ်ရှားတောင်းဆိုတဲ့ နိုင်ငံခေါင်းဆောင် တစ်ဦးအဖြစ် လူသိများပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ သူက တူရကီ အနေနဲ့ ပါလက်စတိုင်း ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် တပ်တွေ စေလွှတ်ဖို့ စဉ်းစားသင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ပါလက်စတိုင်းတွေအပေါ် အစ္စရေးက လုပ်ချင်သလို လုပ်နေတာကို လက်ပိုက်ကြည့်မနေသင့်တော့ကြောင်း သူက ဆိုပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေအပေါ် အစ္စရေး အစိုးရက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရည်ညွှန်းပြောကြားထားတာပါ။

Public Service Announcement

Public Service Announcement

လိုအပ်လာတဲ့ အခြေအနေမှာ တူရကီ တပ်တွေဟာ နာဂိုရာ-ခါရာဘက်ကို (အာမေးနီးယား-အဇာဘိုင်ဂျန် စစ်ပွဲအတွင်းမှာ) ဝင်ရောက်ခဲ့ကြောင်း၊ လစ်ဗျားကိုလည်း တပ်တွေ စေလွှတ်ခဲ့ကြောင်း၊ ပါလက်စတိုင်းနဲ့ ပတ်သက်ရင်လည်း တူညီတဲ့ လုပ်ဆောင်ချက်မျိုး စဉ်းစားရမှာဖြစ်ကြောင်း အာဒိုဂန်က ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်မှာတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အစ္စရေးကတ်ဇ်က လူမှုကွန်ရက် မီဒီယာ Xကနေတဆင့် အာဒိုဂန်ကို တိုက်ရိုက် တုံ့ပြန်ခဲ့ပါတယ်။ အာဒိုဂန်ဟာ အစ္စရေးကို ရန်လို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကိုက ဆက်ဒမ်ဟူစိန် သွားခဲ့တဲ့ လမ်းကြောင်းမျိုးဆီ ဦးတည်နေတာ ဖြစ်ကြောင်း၊ ဆက်ဒမ် ဘာဖြစ်သွားသလဲ၊ ဘယ်လို အဆုံးသတ်သွားသလဲ ဆိုတာတွေကို အာဒိုဂန်က အမှတ်ရဖို့ မျှော်လင့်ကြောင်း ကတ်ဇ်က ရေးသားထားခဲ့ပါတယ်။

အစ္စရေးအပေါ် သဘောထား တင်းမာ ခါးသီးလွန်းတဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟာ ဖျက်အားပြင်း နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၀၃ ခုနှစ်မှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဖြုတ်ချတာ ခံခဲ့ရပါတယ်။ နောက်ပိုင်း သူ့ကို အရှင်ဖမ်းမိပြီး ၂၀၀၆ ခုနှစ်မှာ ကြိုးပေးစီရင် ကွပ်မျက်ခဲ့ပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးက Twitterမှာ အာဒိုဂန်ရဲ့ ပုံနဲ့ အကျဉ်းသား ဆက်ဒမ်ရဲ့ပုံကိုပါ အတူယှဉ်တွဲပြီး တင်ထားခဲ့တာကြောင့် အာဒိုဂန် ဘက်တော်သားတွေအတွက် ဆတ်ဆတ်ခါ နာကြည်းစရာ ဖြစ်နေပါတယ်။

ဒီအတောအတွင်း အစ္စရေး အတိုက်အခံ ခေါင်းဆောင် ယဲရ်လာပစ်ဒ်ကလည်း NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီက ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို ထောက်ခံ ရပ်တည်နေတဲ့အပေါ် တားဆီးနိုင်ရေး ဝိုင်းဝန်းဖိအားပေးဖို့ NATO နိုင်ငံတွေကို တောင်းဆိုခဲ့ပါသေးတယ်။

အာဒိုဂန်ဟာ အချိန်ပြည့် ရန်လို ကြိမ်းမောင်းနေပြီး အရှေ့အလယ်ပိုင်း ဒေသအတွက် အန္တရာယ်ကောင်လို့ ဆိုနိုင်ကြောင်း၊ ကမ္ဘာကြီးအနေနဲ့၊ အထူးသဖြင့် NATO အနေနဲ့ သူက အစ္စရေးကို အပြင်းအထန် ခြိမ်းခြောက်နေတာတွေကို အတိအလင်း ရှုတ်ချပြီး ဟားမားစ်တွေကို ထောက်ခံနေတဲ့ သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ဖိအားပေး ရပ်တန့်စေဖို့လိုကြောင်း လာပစ်ဒ်က Xမှာ ဝေဖန် ရေးသားသွားခဲ့ပါတယ်။

ကိုးကား: Haaretz⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန် ပိုင်နက်ထဲမှာ နက်နက်ရှိုင်းရှိုင်း တည်ရှိတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျား စခန်းတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၂၇ ရက်နေ့တုန်းက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က စွပ်စွဲခဲ့ပြီး ဟစ်ဇ်ဘိုလာတွေကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ဆက်နွှယ်မှု လုံးဝ မရှိဘူးလို့ အကြောက်အကန် ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ဖို့ မျှော်လင့် ပြင်ဆင်နေတဲ့ ဟားရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အစိုးရ လုပ်ငန်းတာဝန်တွေမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် တာဝန်ယူ လှုပ်ရှားလာသလို မဲဆွယ်စည်းရုံးမှုတွေကိုလည်း အရှိန်မြှင့်နေပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေးက ထိန်းချုပ်ထားတာ၊ ကျူးကျော်နေထိုင်တာတွေဟာ တရားမဝင်ဘူးလို့ ကုလသမဂ္ဂရ့ အဆင့်အမြင့်ဆုံး တရားရုံးက စီရင် ဆုံးဖြတ်ပေးလိုက်ပါတယ်။