Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ် ခေါင်းဆောင် လုပ်ကြံခံရမှုမှာ အမေရိကန်နဲ့ ဆက်နွှယ်ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြော

ဟားမားစ်ခေါင်းဆောင် လုပ်ကြံခံရတဲ့ ကိစ္စမှာ အမေရိကန် လုံးဝ မပတ်သက်သလို ကြိုတင် သိထားတာလည်း မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားခဲ့ပါတယ်။

ဟားမားစ်ခေါင်းဆောင် လုပ်ကြံခံရတဲ့ ကိစ္စမှာ အမေရိကန် လုံးဝ မပတ်သက်သလို ကြိုတင် သိထားတာလည်း မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားခဲ့ပါတယ်။

ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ (စစ်ရေးမဟုတ်တဲ့) နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံ၊ တဟီရန်မြို့က နေအိမ်မှာ ရန်သူ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုနဲ့ လုပ်ကြံခံရလို့ သေဆုံးသွားကြောင်း အစ္စရေး အစိုးရနဲ့ ဟားမားစ်တို့က အသီးသီး ကြေညာခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လက်ချက်လို့ အီရန်ရော၊ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟားမားစ်တွေကပါ အတိအလင်း စွပ်စွဲခဲ့ပေမယ့် အစ္စရေးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဟာနီယာဟာ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေအတွက် အဓိက ဦးဆောင် ပါဝင်နေသူ တစ်ဦးပါ။ သူလုပ်ကြံခံရတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးသလို သတင်းတွေကလည်း ရှုပ်ထွေးနေပါတယ်။

Public Service Announcement

Public Service Announcement

ဘလင်ကန်ကတော့ အခုကိစ္စမှာ အမေရိကန်ရဲ့ ဆက်နွှယ်မှု လုံးဝ မရှိကြောင်း ပြောကြားခဲ့ပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေက မှန်းဆရ အရမ်းခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကိုးလလောက် ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးမှုတွေကိုတော့ ဆက်လက် တွန်းအားပေးသွားဖို့ လိုတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အီရန် အစိုးရ ခေါင်းဆောင် အဓိပတိကြီး အလီ ခါမေနီက ဟာနီယာအတွက် လက်စားချေမှာ ဖြစ်သလို အပြစ်ရှိသူတွေဟာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ်ခြင်း ခံရမယ်လို့ ကြုံးဝါးထားပါတယ်။ ဟားမားစ်ခေါင်းဆောင် သေဆုံးခြင်းအတွက် ပြည်တွင်းမှာ ဝမ်းနည်းကြေကွဲမှု ကာလကို ၃ ရက်ကြာ သတ်မှတ်ထားဖို့လည်း အီရန် အစိုးရက ထုတ်ပြန် ညွှန်ကြားထားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အစုအဖွဲ့ခေါင်းဆောင် မစ်ချ်မက်ကော်နဲလ် ဦးဆောင်ပြီး အဓိက ပါတီနှစ်ခုရဲ့ အမတ်တွေ စုပေါင်းထားတဲ့ သဘောထား အိတ်ဖွင့်ပေးစာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်၊ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲဆမန်သာ ပါဝါ တို့ဆီ...

နိုင်ငံတကာ

တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှားကြားမှာ စစ်အေးခေတ် ဒုံးကျည် အရေးအခင်းလို ပြဿနာမျိုး ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ဖို့ မျှော်လင့် ပြင်ဆင်နေတဲ့ ဟားရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် အစိုးရ လုပ်ငန်းတာဝန်တွေမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် တာဝန်ယူ လှုပ်ရှားလာသလို မဲဆွယ်စည်းရုံးမှုတွေကိုလည်း အရှိန်မြှင့်နေပါတယ်။