Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားရဲ့ ပမာဏ အကြီးမားဆုံး ဒရုန်းစစ်ဆင်ရေးကြီး တစ်ခုကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်း ကြေညာ

စစ်ပွဲ ကာလတလျှောက် ရုရှားရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်း စစ်ဆစ်ရေးကြီးတွေထဲက တစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ပွဲ ကာလတလျှောက် ရုရှားရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်း စစ်ဆစ်ရေးကြီးတွေထဲက တစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းက ရုရှားဟာ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်း ၈၉ စီးကို ကိယက်ဗ်မြို့တော်ရယ်၊ အနီးတဝိုက် ဒေသတွေရယ်၊ ပြီးတော့ တခြားမြို့ကြီး တချို့ရယ်ဆီကို စေလွှတ်ခဲ့ကြောင်း၊ အဲဒီ ဒရုန်းအားလုံးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း လေတပ်က ဆိုပါတယ်။ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ ရုရှားဒရုန်းတွေကို ဇူလိုင် ၃၁ ရက် မနက်အစောပိုင်းထိ မရပ်မနား ညလုံးပေါက် ပစ်ချနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိယက်ဗ်နဲ့ အနီးတဝိုက် ဒေသတွေမှာတင် ပစ်ချခဲ့ရတဲ့ ရုရှားဒရုန်းပေါင်းက အစီး ၄၀ လောက် ရှိခဲ့တယ်လို့လည်း ယူကရိန်း လေတပ်က ပြောပါတယ်။ ကိယက်ဗ်မှာတော့ လေကြောင်းအန္တရာယ် အချက်ပေး ဥဩသံတွေဟာ တစ်ညလုံးနီးပါး ဆူညံနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲစတင် ကတည်းက ၂၉ လကြာ ကာလအတွင်း ဒါဟာ ထုထည် ပမာဏ အများပြားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ခု ဖြစ်လာကြောင်း၊ ပစ်ချခဲ့တဲ့ ဒရုန်းအများစုဟာ အီရန်က ဒီဇိုင်းထုတ်တဲ့ Shahed 131နဲ့ 136 အမျိုးအစားတွေဖြစ်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒရီ ယိုဆော့ဗ်က ဆိုပါတယ်။

ရုရှားဟာ ဖောက်ခွဲရေး ဒရုန်းတွေနဲ့အတူ ပစ်မှတ်တု ဒရုန်းအများအပြားကိုပါ ရောနှော စေလွှတ်ပြီး ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေကို ဝန်ပိအောင် ကြံဆောင်ခဲ့တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း ရုရှားဟာ ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေကို နှောင့်ယှက်ဖို့အတွက် အီရန်ကနေ စျေးပေါပေါနဲ့ ဝယ်ယူထားတဲ့ ဒရုန်းတွေကို အုံနဲ့ကျင်းနဲ့ စေလွှတ်တဲ့ နည်းလမ်းမျိုးကို ပိုမို မှီခို သုံးစွဲလာနေကြောင်း ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် တိုက်ခိုက်မှုအတွင်း ယူကရိန်းက အရပ်ဖက် အဆောက်အအုံတွေ၊ အခြေခံ အဆောက်အအုံတွေကို တိုက်ရိုက် ထိခိုက် ပျက်စီးစေတာမျိုးတော့ မရှိခဲ့ပါဘူး။

ကိယက်ဗ်မှာတော့ လေကြောင်း အန္တရာယ် အချက်ပေးမှုတွေ အဓိက ထုတ်ပြန်ထားရာ ဧရိယာတွေမှာ လူပေါင်း ၁၁၅၀၀ လောက်ဟာ မြေအောက် ရထားဘူတာတွေဆီ ညတွင်းချင်း ရွှေ့ပြောင်းပြီး ခိုလှုံခဲ့ရကြောင်းလည်း သိရှိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှားကြားမှာ စစ်အေးခေတ် ဒုံးကျည် အရေးအခင်းလို ပြဿနာမျိုး ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ နှစ်အလိုက် အဆင့်မြှင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ယူကရိန်း လေတပ်က အသုံးပြုနေတဲ့ ဆိုဗီယက်ဒီဇိုင်း တိုက်လေယာဉ်တွေထက် နည်းပညာပိုင်း အများကြီး ပိုမို မြင့်မားပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်ဟာ ဝါရှင်တန်ကို ရောက်လာတဲ့ တခြားအဖွဲ့ဝင် ၃၁ နိုင်ငံ ခေါင်းဆောင်တွေကို တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ညီလာခံ အဖွင့်နေ့မှာပဲ ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် ကိစ္စကို ဘိုင်ဒန်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။