Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ ရှုံးခဲ့ရင် ထရမ့်က လွယ်လွယ်ကူကူ လက်ခံမယ် မထင်ဘူးလို့ ဘိုင်ဒန်ပြော

ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်သာ ရှုံးနိမ့်သွားခဲ့ရင် အခြေအနေတွေ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားလောက်မယ် မထင်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်သာ ရှုံးနိမ့်သွားခဲ့ရင် အခြေအနေတွေ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားလောက်မယ် မထင်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အာဏာရ ဒီမိုကရက်တစ်ပါတီ ကိုယ်စား နောက်တစ်ကြိမ် ယှဉ်ပြိုင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကြောင်း ကြေညာပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးချိန်မှာ အသက် ၈၁ နှစ်အရွယ် သမ္မတက အခုလို မှတ်ချက် ပေးခဲ့တာပါ။

ဘိုင်ဒန်က နောက်ဆုတ်ပေးလိုက်တဲ့အတွက် လက်ရှိ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဟာ ဒီမိုကရက်တစ်တွေကို ကိုယ်စားပြုပြီး ထရမ့်ကို စိန်ခေါ်သွားမှာ ဖြစ်ပါတယ်။ ဘိုင်ဒန်က သူ့ရဲ့ သမ္မတဟောင်း ထရမ့်ဟာ ရှုံးနိမ့်မှုကို အသာတကြည် လက်ခံပြီး ဟားရစ်ဆီ အာဏာလွှဲပြောင်းမှုကို ကြည်ကြည်သာသာ လက်ခံမယ့်သူ မဟုတ်လောက်ဘူးလို့ ဆိုပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အဲဒီရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိမှသာ သူရှုံးနိမ့်လိမ့်မယ် ဆိုတာမျိုး တစ်ဖက်သတ် အပိုင်အနိုင် မှတ်ချက်တွေ ပေးထားဖူးတာကို ဘိုင်ဒန်က ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲ ရလဒ်က ဘယ်လို ဖြစ်လာပါစေ သမ္မတသစ် တစ်ဦးစီ အာဏာလွှဲပြောင်းရတော့မယ့် အခြေအနေမို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နိုင်မလားလို့ CBS သတင်းဌာနက မေးမြန်းတဲ့အခါ တကယ်လို့ ထရမ့်နိုင်ခဲ့ရင် အေးအေးဆေးဆေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖြေခဲ့ပါတယ်။

ဒါပေမဲ့ တကယ်လို့သာ ထရမ့် ရှုံးသွားရင်တော့ အခြေအနေတွေက အေးအေးလူလူ မဖြစ်ဘူးလို့ ယူဆကြောင်း၊ ထရမ့် ပြောခဲ့တဲ့ စကားမျိုးကို ပေါ့ပေါ့ဆဆ မတွက်သင့်ကြောင်း၊ ထရမ့်ဟာ အဲဒီစကားမျိုးကို စိတ်လိုလက်ရ လေးလေးနက်နက် ပြောထားခဲ့တာ ဖြစ်ကြောင်း၊ သူ့ရဲ့ စကားထဲမှာ တကယ်လို့ ရွေးကောက်ပွဲမှာ သူရှုံးခဲ့မယ်ဆိုရင် အဲဒီရလဒ်ဟာ မသမာတဲ့ နည်းနဲ့ ခိုးယူခံရတဲ့ အဓိပ္ပါယ်ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်လို့ ထရမ့်က ပြောခဲ့ဖူးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ထရမ့်ဟာ အရှုံးရလဒ်ကို ကြည်ကြည်သာသာ လက်မခံမှာ စိုးရိမ်ရတယ်ဆိုတဲ့ သဘောမျိုးကို ဘိုင်ဒန်ဟာ ရွေးကောက်ပွဲမှာ သူဆက်ပြီး ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့ ကာလတွေ ကတည်းက မကြာခဏ ပြောခဲ့ဖူးပါတယ်။

CBSနဲ့ အင်တာဗျူးမှာတော့ ဘိုင်ဒန်က ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ရှုံးနိမ့်ခဲ့တဲ့အချိန် ရွေးကောက်ပွဲ ရလဒ်တွေကို စိန်ခေါ်ခဲ့တဲ့ လုပ်ရပ်မျိုးကို နောက်တကြိမ် မြင်တွေ့လာရဖို့ပါ မျှော်လင့်ထားသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေက စနစ်ကျကြောင်း၊ ပြည်နယ်တိုင်းမှာ ပြည်သူတွေက မဲရုံတွေဆီမှာ နည်းမှန်လမ်းမှန်နဲ့ မဲပေးခဲ့ကြတဲ့ ရလဒ်တွေကို တွက်ချက်တာဖြစ်ကြောင်း၊ အဲဒီအပေါ်မှာ သံသယ ဝင်နေစရာ ဘာအကြောင်းမှ မရှိကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ ပြီးတော့ ရွေးကောက်ပွဲဝင်မယ့်သူ တစ်ယောက်ဟာ ရွေးကောက်ပွဲမှာ နိုင်မှပဲ နိုင်ငံကို ချစ်ပြနိုင်မှာ မဟုတ်ကြောင်းလည်း သူက ထရမ့်ကို ခနဲ့သွားခဲ့ပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ