သုည/People’s Spring
ရန်ကုန်မြို့ တစ်နေရာတွင် ရန်ကုန်အင်အားစု ( AJAY )ရဲဘော်များဦးဆောင်ကာ ရှစ်လေးလုံး အရေးတော်ပုံ(၃၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၈၈၈၈ ဘန်နာစာသား ကို ယနေ့ (သြဂုတ် ၈) ချိတ်ဆွဲခဲ့သည်။
ထို့အပြင် အလဲလဲအပြိုပြိုဖြင့် အားနည်းကျရှုံး နေပြီဖြစ်သည့် မင်းအောင်လှိုင်၏စစ်အုပ်စု လက်အောက်မှ တပ်မတော်သားများ အမြန်ဆုံး ရုန်းထွက်၍ ပြည်သူနှင့်ပူးပေါင်းရန် နှိုးဆော်သတိပေးသည့် ဘန်နာကိုလည်း ပူးတွဲ ချိတ်ဆွဲခဲ့သည်။
အဆုံးသတ်အောင်ပွဲနှင့် ပန်းတိုင်ရောက်သည်အထိ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသူ အာဇာနည်အပေါင်းတို့၏ သွေးခင်းလမ်းပေါ်တွင် လူထုအောင်ပွဲရသည်အထိ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းကြရန်လည်း AJAY ရဲဘော်များက ပြည်သူတရပ်လုံးကို တိုက်တွန်းနှိုးဆော်ခဲ့သည်။