Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇ ဒုလှိုင်းနဲ့ ရှမ်းမန်းစစ်ဆင်​​ရေးက မြို့ ၆ မြို့သိမ်းပိုက်ထား

၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေက ​​နောင်ချို ၊စဥ့်ကူး၊ မိုးကုတ် ၊မိုးမိတ် ၊လားရှိုး ၊​ကျောက်မဲမြို့​တွေကို ဆက်တိုက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေက ​​နောင်ချို ၊စဥ့်ကူး၊ မိုးကုတ် ၊မိုးမိတ် ၊လားရှိုး ၊​ကျောက်မဲမြို့​တွေကို ဆက်တိုက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါ​ကြောင့် ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာဆိုရင် စစ်​ကောင်စီတပ်ဟာ ​သီ​ပေါ နဲ့ မူဆယ်မြို့မှာပဲ ကျန်​တော့တာဖြစ်ပါတယ်။

မန္တ​လေးတိုင်းမှာလည်းစဥ့်ကူး ၊မိုးမိတ်မြို့​နယ်တွေကိုပါ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထားပါတယ် ။မတ္တရာမြို့က စစ်တပ်စခန်း​ပေါင်း ၃၀ ​ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားသလို အခုဆိုရင် ထိုးစစ်ဟာ ပုသိမ်ကြီးမြို့နယ် အစပ်ထိတိုင်​ရောက်လာပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်သပိတ်ကျင်းမြို့က စစ်စခန်းအများစုကိုလည်း ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထားပါတယ် ။ ဒါ​ကြောင့် ၁၀၂၇ ဒုတိယလှိုင်းထိုးစစ်ဟာ ​နောင်ချိုလား ၊မူဆယ်လား၊ပြင်ဦးလွင်လား၊မန္တ​လေးလား ဆိုတာကို ပြည်သူ​တွေ စိတ်ဝင်တစား​စောင့်ကြည့်​နေသလို စစ်​ကောင်စီတပ်နဲ့ စစ်တပ်မိသားစု​ဝင်​တွေ စိုးရိမ်​သောကများ​​နေကြပြီဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ