Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘရာဇီးမှာ လူနေရပ်ကွက်ထဲ လေယာဉ်ပျက်ကျ၊ လိုက်ပါလာသူ ၆၀ ကျော်သေဆုံး

ဘရာဇီး နိုင်ငံမှာ လူနေရပ်ကွက်ထဲ လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ပန်ကာနှစ်လုံးတပ် လေယာဉ်ဟာ ဘရာဇီး တောင်ပိုင်း ပါရာနား ပြည်နယ်ကနေ ပျံတက်လာပြီးတဲ့နောက် အရှေ့မြောက်ဖက်မှာရှိတဲ့ ဆာအိုပေါ်လို ပြည်နယ်ထဲမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်မြို့တော် ဆာအိုပေါ်လိုရဲ့ ဂွာရူလ်ဟို့စ် လေဆိပ်ဆီ ပျံသန်းတဲ့ လေယာဉ်ဟာ ဆာအိုပေါ်လို ပြည်နယ် ပိုင်နက်ထဲက ဗင်ဟီဒိုမြို့ထဲ ပျက်ကျသွားခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဩဂုတ် ၉ ရက်နေ့တုန်းက ပျက်ကျခဲ့တဲ့ ATR-72 200 အမျိုးအစား လေယာဉ်ဟာ ခရီးသည် ၅၇ ယောက်နဲ့ အမှုထမ်း ၄ ယောက်ကို တင်ဆောင်လာခဲ့ပြီး အသက်ရှင်ကျန်သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဘရာဇီး သမ္မတ လူးဝစ်ဇ် အစ်နာရှို လူလာ ဒါဆေးလ်ဗားက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဆာအိုပေါ်လို ပြည်နယ် ဝန်ကြီးချုပ် ထရက်စီဆီယို ဂိုမက်စ် ဒီဖရီးတက်စ်က ဒေသတွင်းမှာ ၃ ရက်ကြာ ဝမ်းနည်းကြေကွဲမှု ကာလကို သတ်မှတ် ကြေညာခဲ့ပါတယ်။

လေယာဉ်ဟာ ချာချာလည်ရင်း လူနေရပ်ကွက် တစ်ခုထဲကို ထိုးဆင်းလာတာ တွေ့ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ လေယာဉ် ပျက်ကျမှုကြောင့် မြေပြင်ပေါ်မှာ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ပါဘူး။ လေယာဉ်ဟာ အိမ်ရာဝင်း တစ်လုထဲက လုံးချင်းအိမ် တစ်လုံးပေါ်ကို ထိုးဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်-အီတလီ ဖက်စပ် ကုမ္ပဏီ ATRက လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုတွေမှာ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ လေယာဉ်ကို ပိုင်ဆိုင်တဲ့ Voepass လေကြောင်းလိုင်းက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black boxတွေကို ရှာတွေ့ထားပြီလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျရာ နေရာမှာ ရှိနေခဲ့တဲ့ အိမ်မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့သလို ခြံဝင်းထဲမှာ အပျက်အစီးတွေ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

ဘရာဇီး အရပ်ဖက် လေကြောင်းပျံသန်းရေး အေဂျင်စီက အဲဒီလေယာဉ်ကို ၂၀၁၀ ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခြေအနေ ကောင်းမွန်သလို လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန် မှတ်ပုံတင်ထားကြောင်း၊ လေယာဉ်ဟာ ပျံသန်းဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုနဲ့ ထိန်းသိမ်းမှုတွေ ရှိနေကြောင်း ပြောပါတယ်။

အခုဖြစ်စဉ်ဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဘရာဇီးမှာ ကြုံတွေ့ဖူးတဲ့ အဆိုးဆုံး လေကြောင်း မတော်တဆမှု ဖြစ်လာပါတယ်။ အဲဒီတုန်းက TAM Expressရဲ့ လေယာဉ် တစ်စီးဟာ ဆာအိုပေါ်လိုရဲ့ ကွန်ဂွန်ဟက်စ် လေဆိပ်မှာ ပျက်ကျပြီး အပြင်းအထန် မီးလောင်ခဲ့ရာက လူပေါင်း ၁၉၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ငါးဦိးသေဆုံးခဲ့သည်။

သတင်း

(ဩဂုတ်လ ၁ရက်)ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူဆယ်ဦးထက်မနည်းသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

သတင်း

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။