close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းနိုင်ခြေ ခန့်မှန်းချက်တွေကို ထိုင်းစစ်တပ် ငြင်းဆို

အာဏာသိမ်းဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းစစ်တပ်က အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

အာဏာသိမ်းဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းစစ်တပ်က အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

ထိုင်းမှာ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ရာထူးကနေ ဖယ်ရှားခံရပြီးတဲ့နောက် နိုင်ငံရေး အနာဂတ် မတည်မငြိမ် ဖြစ်နေချိန်မှာ စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းဖို့ တာဆူနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ဒါပေမဲ့ ထိုင်းစစ်တပ်ရဲ့ ဩဇာကြီးမားတဲ့ အရာရှိ တစ်ဦးဖြစ်သူ အမှတ် ၂ စစ်ဒေသမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ဒ်ကလန်က ၂၀၁၄ နောက်ပိုင်း ထိုင်းမှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပယ်ချသွားခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့တုန်းက သာမာဆက် တက္ကသိုလ်မှာ ဗုဒ္ဓရဲ့ ဒဿနိကဗေဒနဲ့ နယ်စပ်ကာကွယ်ရေး မဟာဗျူဟာတွေအကြောင်း ပါဝင်ဆွေးနွေးခဲ့တဲ့ အစီအစဉ် တစ်ခုအပြီး ဘွန်ဆင်ဟာ လက်ရှိ နိုင်ငံရေးနဲ့ စစ်တပ်ရဲ့ ဆက်နွှယ် ပတ်သက်နိုင်ခြေတွေအကြောင်း မေးခွန်းထုတ်တာ ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံရေး အခြေအနေတွေက မရေမရာ ဖြစ်နေချိန်မှာ စစ်တပ်ကဝင်ပြီး အာဏာသိမ်းမှာ မဟုတ်ကြောင်း၊ ထိုင်းစစ်တပ်ဟာ ရှိရင်းစွဲ စည်းမျဉ်း ဥပဒေတွေနဲ့ပဲ ပြဿနာတွေကို ရှင်းလင်းသွားစေဖို့ လိုလားကြောင်း သူက တုံ့ပြန်ခဲ့ပါတယ်။

ထိုင်းမှာ ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ရွေးချယ်စရာ ၅ ဦးလောက်ကိုပဲ ကြိုတင် ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးတဲ့အခါ ဘွန်ဆင်က နိုင်ငံရေးမှာ တစ်ခါတလေ ကန့်သတ်ရွေးချယ်မှုတွေ ကြုံတတ်တာ ပုံမှန်ဖြစ်ကြောင်း၊ နိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေကို လေးစားဖို့လိုပြီး လာမယ့် သုံးလေးလအတွင်း ဘာတွေ အပြောင်းအလဲ ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရုံသာရှိကြောင်း ပြန်ဖြေခဲ့ပါတယ်။

သူက နိုင်ငံရေး နယ်ပယ်ထဲမှာ လူတော်လူကောင်းတွေ ရှိနေတယ်ဆိုတာ အကောင်းမြင် ယုံကြည်ထားကြောင်းလည်း ဆိုပါတယ်။ နောက်ပြီး ဝန်ကြီးချုပ်သစ် ရွေးကောက် တင်မြှောက်ရာမှာ တကယ်တမ်း စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ အထူးအရေးကြီးကြောင်းလည်း ဘွန်ဆင်က ပြောကြားသွားပါတယ်။

ဘွန်ဆင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဇူလိုင်လတုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ထိုင်းရဲ့ စစ်ဆင်ရေးတွေကို အဓိက ကွပ်ကဲခဲ့သူပါ။ အဲဒီစစ်ပွဲကို အကြောင်းပြုပြီး သူဟာ ပြည်သူလူထု ထောက်ခံမှုကို အားကောင်းကောင်းနဲ့ ရရှိလာခဲ့ပါတယ်။ အနာဂတ်မှာ သူရော နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်နိုင်ခြေ ရှိသလားလို့ မေးတဲ့အခါ ဘွန်ဆင်က တိုက်ရိုက် မဖြေဘဲ သူ့ကို ယုံကြည် ထောက်ခံနေတဲ့ ပြည်သူတွေကို ပစ်ထားမှာ မဟုတ်ဘူးလို့ပဲ မတင်မကျ ပြောဆိုသွားပါတယ်။

လောလောဆယ် ထိုင်းအစိုးရ အဖွဲ့ထဲမှာ ကာကွယ်ရေးဝန်ကြီးနေရာ လစ်လပ်နေတာနဲ့ ပတ်သက်လို့လည်း သူက အစိုးရ ရွေးချယ်ခန့်အပ်တဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆို စစ်တပ်က လေးစား ထောက်ခံဖို့ အသင့်ရှိတယ်လို့ မှတ်ချက်ပေးသွားပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီးသစ် ဘယ်သူဖြစ်လာနိုင်သလဲ ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။ ထိုင်းစစ်တပ်ဟာ ဥပဒေစည်းမျဉ်း သတ်မှတ်ချက်တွေကို လေးစားလိုက်နာရင်း နိုင်ငံရေးမှာ ဘက်မလိုက် ဝါဒကိုပဲ ဆက်လက် ဆွဲကိုင်ထားမယ်လို့လည်း ဘွန်ဆင်က ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက ငွေထုတ်စက် (ATM)တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ ဆိုတာထက် ဖောက်ထွင်းလုယက်မှုသာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅...

နိုင်ငံတကာ

မုန်တိုင်း နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက်ဟာ တစ်ဒါဇင် နီးပါးလောက် ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်ပြည်နယ်ထဲမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Facebook