close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၌တစ်ပတ်အတွင်းဖမ်းဆီးခံရသူ ၂၇ ဦးရှိ

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

စစ်​ကောင်စီက ဧည်စာရင်းကိုအ​ကြောင်းပြ၍ လူငယ်များကိုဖမ်းဆီးမှုမျိုးလည်းပြုလုပ်​လေ့ရှိသည်။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ-၁၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

ဩဂုတ် ၂၅ မှ ၃၁ ရက်အတွင်း ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့် နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်ထားသည်။

“သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၄ ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၈ ဦး တို့ ဖြစ်သည်”ဟု RSN က​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါမြို့နယ်များအပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင်လည်း ဖမ်းဆီးမှုများရှိသည်ဟု ဆိုသော်လည်း စုံစမ်းဆဲဖြစ်သည်ဟု RSN က အသိပေးထားသည်။

လှိုင်မြို့နယ် ၂ ရပ်ကွက် နှင့် ၅ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများသည် စစ်တပ်လက်​အောက်ခံပျူစောထီးများနှင့်ပေါင်း၍စစ်မှူထမ်း ကိစ္စနှင့် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ငွေရှိသူတွေကတော့ သားသမီးတွေကို ငွေပေးပြီး လိုက်ထုတ်နိုင်ပေမယ့် ဆင်းရဲသားနင်းပြားမိသားစုတွေကတော့ စစ်မှူထမ်းတွေပါသွားပြီ” ဟု ၎င်းက လက်ရှိကြုံနေရသည့် အခြေအနေကိုပြောသည်။

ဩဂုတ်လအတွင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဆိုက္ကားနင်းသူများကို လူတစ်စုက လိုက်လံငှားရမ်း၍ ခေါ်ဆောင်သွားကာ အဆက်အသွယ်မရ‌တော့သည့် ဖြစ်စဉ်များလည်းရှိသည်ဟု RSN ကဆိုသည်။

လှိုင် ၊ ကြည့်မြင်တိုင် ၊ တာမွေ စသည့် မြို့နယ်များ၌ အထက်ပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်မှူထမ်းအတွက် လိမ်လည်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ထားသည်။

ထို့အပြင် ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁၃ ခု၌ ဧည့်စာရင်းစစ်သည့် ဖြစ်စဉ် ၂၂ ခုရှိခဲ့ကြောင်း RSN က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

Facebook