close
Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို ငါးလ​ကျာ်မှ သေဆုံးသူတဦး​အ​ထောက်အထားပြနိုင်ရင် ကျပ်သိန်း၁၀၀​ပေးမယ်ဆို

​မြေငလျင်ဒဏ်ခံနိုင်​အောင်​ဆောက်လုပ်ထားတယ်လို့ ​ကြော်ညာပြီး​ရောင်းခဲ့တဲ့ Sky Villa ကွန်ဒိုဟာစစ်ကိုင်းငလျင်ကြီး​ကြောင့် လူရာချီ​သေဆုံးပြီး ငါးလ​ကျော်ကြာပြီး​နောက် သေဆုံးသူတဦးကို ကျပ်သိန်း၁၀၀ပေးမှာဖြစ်လို့ အထောက်အထားအပြည့်အစုံနဲ့လာ ရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာလာပါတယ်။

■ ​သေဆုံးသူ​တွေရဲ့ကျန်ရစ်ခဲ့တဲ့မိသားစု​တွေကမ​ကျေနပ်

စက်တင်ဘာ၂၊၂၀၂၅၊​နေ့သစ်/People’s Spring

​မြေငလျင်ဒဏ်ခံနိုင်​အောင်​ဆောက်လုပ်ထားတယ်လို့ ​ကြော်ညာပြီး​ရောင်းခဲ့တဲ့ Sky Villa ကွန်ဒိုဟာစစ်ကိုင်းငလျင်ကြီး​ကြောင့် လူရာချီ​သေဆုံးပြီး ငါးလ​ကျော်ကြာပြီး​နောက် သေဆုံးသူတဦးကို ကျပ်သိန်း၁၀၀ပေးမှာဖြစ်လို့ အထောက်အထားအပြည့်အစုံနဲ့လာ ရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာလာပါတယ်။

​မြေငလျင်ဒဏ်ခံနိုင်တယ်လို့ ကြော်ညာရောင်းချထားတဲ့ SKY Villa ကွန်ဒိုဟာ မတ်လ၂၈ရက် နေ့က ပြင်းအား ၇.၇ လှုပ်ခတ်ခဲ့ချိန်မှာ လုံးလုံးပြိုကျပြီး သေဆုံးသူ ရာဂဏန်းရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

​မြေငလျင်ကြီးလှုပ်ပြီးတာ ငါးလ​ကျော်ကြာပြီဖြစ်​ပေမယ့် ရုပ်အ​လောင်း​တွေထုတ်ယူမှုဟာ ဒီနေ့အထိ မပြီး​သေးပါဘူး ။စက်တင်ဘာ ၂ ရက်​နေ့အထိ စု‌‌စုပေါင်း ရုပ်အ လောင်း၂၀၀ ခန့်ထုတ်ယူထားတယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနရဲ့ စာရင်း တွေအရ သိရပါတယ်။

ဒီကွန်ဒိုကို ဆောက်လုပ်ခဲ့တဲ့ NTL Construction (NTL ဆောက်လုပ် ရေးကုမ္ပဏီ)တာဝန်ရှိသူဟာ ငလျင်လှုပ်ခတ်ပြီးချိန်ကတည်းက ရှောင်တိမ်းနေပြီး ငါးလအထိ ကုမ္ပဏီဘက်မှတာဝန်ယူ​ဖြေရှင်းမှုမရှိခဲ့ပါဘူး ။ ကုမ္ပဏိကို ဦးနိုင်ထွန်လင်း နဲ့ ဇနီး ​ဒေါ်သက်သက်ခိုက်တို့က ပိုင်ဆိုင်တာပါ။

စစ်‌ကောင်စီလက်အောက်ခံသက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းကမှလည်း အရေးယူခြင်းမရှိခဲ့ဘူးလို့စုံစမ်းသိရပါတယ်။

​မြေငလျင်ကြီးလှုပ်ပြီး ငါးလ​ကျော်အကြာမှသာ ကရုဏာကြေးသိန်း ၁၀၀ ပေးမယ်ဆိုပြီး အထောက်အထားနဲ့လာရောက် ထုတ်ယူနိုင်ကြောင်း ကြေညာလာတာပါ။ကုမ္ပဏီရဲ့ကြေညာချက် မိသားစုဝင်တွေ ကန့်ကွက်နေကြပါတယ်။

ငလျင်ကြောင့် Sky Villa Codominium မှာနေထိုင်ပြီး အသက်သေဆုံးသွားခဲ့တဲ့ မိသားစုတွေကို ကရုဏာထောက်ပံ့ကြေးအဖြစ် သေဆုံးသူတစ်ဦး ကျပ်သိန်းတစ်ရာစီ စက်တင်ဘာ ၈ ရက်ကစပြီး ထောက်ပံ့မယ်လို့ အဲဒီကွန်ဒိုပိုင်တဲ့ NTL Construction Co. Ltd က ကွန်ဒိုရှေ့မှာ ဆိုင်းဘုတ်ထောင် ကြေညာခဲ့ပါတယ်။

ထောက်ပံ့ကြေးအတွက်သေဆုံးကြောင်းအထောက်အထား စာရွက်တွေနဲ့အတူ Sky Villa ယာယီကွပ်ကဲရေးရုံးကို ဆက်သွယ်ဖို့ဆိုပြီး အသိပေးထားတာပါ။ အဲဒီကြေညာချက်ကို သေဆုံးသူတွေရဲ့မိသားဝင်တွေက ဝေဖန်နေကြပြီး တချို့က ထုတ်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။

“ကျန်ရစ်သူမိသားစုတွေ လိုချင်ခဲ့တာ ကွန်ဒို တာဝန်ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးဖို့ / စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူ မိသားစုကိုတောင်းပန်ဖို့၊ ခုလို ၅လ အကြာမှ နစ်နာကြေး လဲ မလိုချင်ဘူး ဂရုဏာကြေးလဲမလိုချင်ဘူး။ ယူလဲယူမှာ မဟုတ်ဘူး။”လို့ မိသားစုဝင် ၄ ဦးနဲ့ အိမ်အကူ ၃ ဦးဆုံးရှုံးခဲ့တဲ့ ကွန်ဒိုမှာနေထိုင်ခဲ့သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ဖြစ်ဖြစ်ချင်းရက်တွေမှာ လူအင်အားများစွာနဲ့ ကယ်ထုတ်ခဲ့ရင် ၂ ရက်ကျော်ကြာ အသက်ရှင်ခဲ့တဲ့သူ့မိခင်လည်း သေဆုံးမှာမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။ ကျန်ရစ်သူမိသားစုဝင်တွေဟာ ကုမ္ပဏီရဲ့တရားဝင်တောင်းပန်မှုကို လိုလားနေတယ်လို့ သိရပါတယ်။

ကွန်ဒိုမှာ ယခုချိန်အထိ သေဆုံးသူ၊ပျောက်ဆုံးသူတွေ ရှိနေပြီး အလောင်းမရရှိ သေးသူ​တွေအများအပြား ကျန်ရှိ​နေသေးတယ်လို့ မိသားစုဝင်တချို့ဆီကသိရပါတယ်။

“ရဲမွန်တောင်က နေအဲဒီနေ့ မနက်မှ SKY Villaကို ရေသွားကူးတဲ့ သူငယ်ချင်း အခုထိ အလောင်းမရသေးဘူး။အဲဒီမှာမဖော်ရသေးတဲ့နေရာတွေလည်းအများကြီးကျန် သေးတယ်”လို့ သေဆုံးသူတဦးရဲ့ မိတ်ဆွေက ပြောပါတယ်။

SKY Villaကွန်ဒိုကို ၂၀၁၇ခုနှစ်ကဆောက်လုပ်ရောင်းချခဲ့တာဖြစ်ပြီး အဲဒီခုနှစ်က တခန်းက ငွေကျပ်သိန်း ၈၀၀၀ နဲ့ရောင်းချခဲ့ပြီး မန္တလေးမြို့မှာ ဈေးအကြီးဆုံး ကွန်ဒိုတိုက်ခန်း​တွေဖြစ်ပါတယ်။

​ဆောက်လုပ်ပြီး ၈ နှစ်အကြာ ဒီနှစ် မတ် ၂၈ ရက်​နေ့က စစ်ကိုင်း​မြေငလျင်ကြီးမှာ တစ်တိုက်လုံး ဆိုးရွားစွာပြိုကျခဲ့တာပါ။ ရာ​ပေါင်းများစွာ​သောပြည်သူ​တွေလည်းသေဆုံးပျောက်ဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန်နစ္စတန် ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀၀ ကျော်လွန်သွားပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ထောင်နဲ့ချီ များပြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၀ ပြင်းအားအဆင့် ငလျင်ကြောင့် အသေအပျောက် ဦးရေဟာ ၆၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်တစ်ခု ဩဂုတ် ၃၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ဖျာပုံမြို့နယ် အ​ရှေ့​တောင်ဘက် ၇၂ မိုင်​ကျော်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး​တော့ ယ​နေ့ည ၁၁ နာရီခွဲ​ကျော်မှာအင်အားအသင့်အတင့်ရှိတဲ့​မြေငလျင်လှုပ်ရှားခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကထုတ်ပြန်ပါတယ်။

Facebook