အတုအယောင်ရွေးကောက်ပွဲအပြီးမှာ ဦးမင်းအောင်လှိုင် စိတ်ကြိုက်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီတွေကို ကန့်သတ်၊ ထိန်းချုပ်မှုတွေ ဆက်တိုက်လုပ်လာပါတယ်။ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံမှုကနေ ပါတီဝင်အင်အား၊ ရုံးခန်းဖွင့်လှစ်မှုတွေအထိ စစ်ဆေးတင်းကျပ်လာတာကြောင့် ပါတီတွေအတွက် ရှင်သန်ရပ်တည်ရေး ပိုမိုခက်ခဲလာနေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်တစ်ခုခုက ဘွဲ့ရရှိထားရမယ်ဆိုတဲ့ ဥပဒေပြင်ဆင်ချက်ကိုလည်း UEC က တင်သွင်းထားပါတယ်။ ဒီသတ်မှတ်ချက်သာ အတည်ဖြစ်လာရင် နိုင်ငံရေးသမားအများအပြားသာမက အကျဉ်းကျခံနေရတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါ ဥပဒေသစ်ရဲ့ သက်ရောက်မှုအောက် ရောက်လာနိုင်ပါတယ်။
ပါတီအများအပြားကို တင်းကျပ်လာတဲ့ UEC ရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ပြောခဲ့တဲ့ “နိုင်ငံရေးပါတီတွေ ကျစ်လျစ်ဖို့လိုတယ်” ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေခြင်းလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ Myanmar Now က စုံစမ်းထားတဲ့ ဒီသတင်းမှာ UEC ရဲ့ ညွှန်ကြားချက်အသစ်တွေ၊ ပါတီခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်တွေနဲ့ ဥပဒေပြင်ဆင်ချက်တွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို တင်ပြထားပါတယ်။
စထွန်းအောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



