Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ရင်း(KNDO)တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်က ဖော်ပြထားပါတယ်။

တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ် KNDO တပ်ရင်း(၄) နယ်မြေအတွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ သေအေ့ထားစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို မေလ ၄ ရက်ကနေ ၁၈ ရက်နေ့အထိ KNDO တပ်သားတွေက စနိုက်ပါနဲ့ ခြောက်ကြိမ်သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်မှာ ပါရှိတာပါ။

သေအေ့ထာစခန်းမှာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းမှာ စစ်ကောင်စီတပ်သားတစ်ဦးစီ သေဆုံးသွားခဲ့ကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

ဒါ့အပြင် KNLA တပ်ရင်း ၅ တပ်ရင်း ၆ နယ်မြေထဲမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံတိုးချဲ့လာနေပြီး PDF တွေရှိတယ်လို့ ယူဆရတဲ့ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာ၊ စစ်ကြောင်းထိုးလာတာတွေ ပြုလုပ်နေတယ်လို့ တောအူးကရင်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သတင်း

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာခြင်း၊စစ်လက်နက်နှင့် ရိက္ခာပို့ဆောင်ခြင်းများ အမြဲရှိနေ၍ KIA တပ်မဟာ(၈)နှင့် တပ်မဟာ(၉)နယ်မြေ၌ ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

သတင်း

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။