Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနုတ်ထွက်ရန် တအာင်းဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

▪️သတိပေးချက်မလိုက်နာပါက ဖြစ်လာမည့် အကျိုးဆက် ကာယကံရှင်တာဝန်သာဖြစ်ဟု ဖော်ပြ

တအာင်းဒေသတွင်းရှိ မြို့နယ်များအားလုံးမှ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများအားလုံး မိမိစိတ်ဆန္ဒဖြင့် တာဝန်၊ရာထူးမှ နုတ်ထွက်ရပ်နားပြီး အကြမ်းမဖက်သာ တော်လှန်ရေးလှုပ်ရှားမှု CDMတွင် ပူးပေါင်းပါဝင်ကြရန် တောင်းဆိုတိုက်တွန်းကြောင်း တအာင်းဒေသကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး CDM အင်အားစုများကို အင်အားလျော့နည်းစေရန် ဖြိုခွဲလိုခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့အား ပြည်သူလူထုမှ အသိအမှတ်ပြုသယောင် ဖန်တီး၍ ပြည်တွင်း၊ပြည်ပနှင့် နိုင်ငံတကာတို့ကို လှည့်စားပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်မှ ဖွင့်လှစ်သော တက္ကသိုလ်ကျောင်းများ မတက်ကြရန် တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသူ ကျောင်းသားများကို အလေးအနက်ထား တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြသည်။

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သို့ဖြစ်၍ တအာင်းဒေသရှိ Non-CDM ဝန်ထမ်းများ အနေဖြင့် သတိပေးချက်များ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်အောက်တွင် ဆက်လက်တာဝန်ထမ်း ဆောင်နေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်သည် ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း

တအာင်းဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာခြင်း၊စစ်လက်နက်နှင့် ရိက္ခာပို့ဆောင်ခြင်းများ အမြဲရှိနေ၍ KIA တပ်မဟာ(၈)နှင့် တပ်မဟာ(၉)နယ်မြေ၌ ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

သတင်း

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

သတင်း

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။