Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံတိုက်ပွဲ ၆ရက်မြောက်တွင် စစ်ကောင်စီတပ် သုံး​နေရာဆိုင်၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေ

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

▪️ပြည်သူ့ရဲဘော်များ ကျည်မလောက်ငှဖြစ်နေ

ဖယ်ခုံမြို့နယ်အတွင်းဖြစ်ပွား​နေသည့် တိုက်ပွဲ ၆ရက်​​မြောက်​နေ့တွင် စစ်ကောင်စီက နေရာသုံး​နေရာမှဆိုင်၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း ယနေ့ နေ့လယ်တိုက်ပွဲအခြေအ​ကို KNDF တပ်ရင်း(၃)က ထုတ်ပြန်သည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းကို လွိုင်ကော်အမြောက်တပ်၊ ဖယ်ခုံအမြောက်တပ်၊ မိုးဗြဲမှ စစ်ကောင်စီ၏ တပ်ရင်း (၄၄၂)စခန်းမှနေ၍ ဒုံးများနှင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသည်ဟု ထုတ်ပြန်သည်။

“အတွဲလိုက်ဒုံး/လက်နက်ကြီးတွေနဲ့ အခုပစ်နေပါတယ်။ တိုက်ပွဲပြင်းထန်နေတယ်၊ ကျည်တွေလည်း လိုနေတယ်” ဟု KNDF တပ်ရင်း(၃)မှ အရေးပေါ် အကူအညီတောင်းထားသည်။

မိုးဗြဲမြို့ အရှေ့ဖက်ခြမ်းတွင် မေလ ၁၅ရက်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ယနေ့မှာ ၆ ရက်မြောက်​နေ့တိုက်ပွဲဖြစ်နေသည်။

မေလ ၁၈ရက်က တိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ရဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်ဟု KNDFတပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

လတ်တလောဖြစ်နေသည့် တိုက်ပွဲတွင် ကျည်ဆန်နှင့်လက်နက်ခံယမ်းများ လိုအပ်နေပြီး ပြည်တွင်းရော ပြည်ပမှ အလှူရှင်များ လှူဒါန်းနေကြရန် မေတ္တာရပ်ခံထားသည်။

” ကျွန်တော်တို့ဟာ အလုပ်ကိုင်စွန့်ပြီး တော်လှန်ရေးထဲရောက်လာကြတဲ့ သူတွေမို့ စိုက်ထုတ်စရာ အသပြာ မရှိတဲ့အတွက် အခုလို နှိမ့်ချစွာနဲ့ အကူညီတောင်းရခြင်း ဖြစ်ပါတယ်။ အသက်နဲ့ ခန္ဓာကလွဲပြီး ရင်းနှီးစရာ မရှိတော့တာကြောင့် အားလုံးလည်း နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ကို ပံ့ပိုးပေးကြပါ”ဟု KNDF တပ်ရင်း(၃) က လူထုထံ မေတ္တာရပ်ခံထားသည်။

KNDF တပ်ရင်း(တပ်ရင်း၃)သို့ အောက်ပါ link (မက်ဆင်ဂျာတွင်ပို့ထားသည်) မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

https://www.facebook.com/KNDFB03/

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

KNDO တပ်ရင်း(၄)နယ်မြေအတွင်းမှာ ဆယ်စုနှစ်ချီအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ပတ်သက်ပြီး ထွက်ခွာပေးဖို့ နယ်မြေခံ KNU တပ်က စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက လိုက်နာမှုမရှိတဲ့အပြင် တပ်အင်အားကိုပါ ထပ်မံတိုးချဲ့ထားတယ်လို့ သိရပါသေးတယ်။

သတင်း

စစ်​ကောင်စီတပ်သည် မေလ ၁၉ ရက်နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

စစ်ကော်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဟု ပြောသော်လည်း အောက်ခြေ၌ ထိပ်တိုက် တိုးရေး ပြည်သူအကြပ်အတည်းဖြစ်ရေး ကို ဦးတည်ပြီး လုပ်ဆောင်နေသည်ဟု ဆိုသည်။

သတင်း

ရွှေပြည်ရဲစခန်းအား ၂၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ကူလာသည့်ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း ဥဒေါင်းမင်းအဖွဲ့က ပြောသည်။