Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းမှာ ရလဒ်ဆိုးခဲ့တဲ့ ရုရှား စစ်ဦးစီးတွေ ရာထူးက ထုတ်ပယ်ခံနေရ

ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။

ယူကရိန်းက အခြေအနေ မဟန်တဲ့ စစ်မျက်နှာတွေမှာ ဦးစီးနေတဲ့ ရုရှား စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဆက်တိုက် ထုတ်ပယ် ခံနေရကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေ ရှိနေတယ်လို့ ယူဆတဲ့ တပ်မှူးတွေ၊ ဗိုလ်ချုပ်တွေကို သည်းမခံတော့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ခပ်စိပ်စိပ် ရာထူးက ဖယ်ရှားပစ်နေတယ်လို့ ဗြိတိန် ထောက်လှမ်းရေးတွေက ပြောပါတယ်။

အထူးသဖြင့် အမှတ် ၁ တင့်ကားတပ်ရင်းကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ် ဆာဟီ ကစ်ဆဲလ်၊ ပင်လယ်နက် ရေတပ်ခွဲကို ဦးစီးနေတဲ့ ဒုတိယ သေနာပတိ အီဂေါ် အိုစီပေါ့ဗ်တို့လို နာမည်ကြီး စစ်ဘက် အရာရှိတွေဟာ ရာထူး တာဝန်တွေက ရပ်ဆိုင်း ခံထားရကြောင်း သိရပါတယ်။

ကစ်ဆဲလ်ဟာ ယူကရိန်းရဲ့ ခါကစ်ဗ်မြို့ကို သိမ်းပိုက်နိုင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ရာထူးက ဖယ်ရှားခံရတယ်လို့ ယုံကြည်ရပါတယ်။ အိုစီပေါ့ဗ် ထုတ်ပယ် ခံရတာကတော့ ဧပြီလတုန်းက စစ်သင်္ဘော Moskva နှစ်မြှုပ်ခံရတဲ့ ကိစ္စကြောင့် တာဝန်ခံလိုက်ရတာ ဖြစ်ဖွယ် ရှိပါတယ်။

ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။

ပူတင်ရဲ့ အမိန့်အရ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တာ အခုဆိုရင် ၃ လပြည့်တော့မှာ ဖြစ်ပေမယ့် အခြေအနေတွေက ရုရှား အစိုးရ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ယူကရိန်း အစိုးရရဲ့ ဦးဆောင်မှု၊ ပြည်သူတွေ ကိုယ်တိုင် စစ်ပွဲမှာ စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ခုခံ တိုက်ခိုက်မှု၊ NATO မဟာမိတ် နိုင်ငံတွေရဲ့ လက်နက်နဲ့ ငွေကြေး ထောက်ပံ့မှုတွေကြောင့် ယူကရိန်းဟာ အင်အား ပိုမို သာလွန်တဲ့ ရုရှားကို စစ်မျက်နှာ အများစုမှာ ကြံ့ကြံ့ခံ တွန်းလှန်ထားနိုင်ဆဲ ဖြစ်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

နိုင်ငံတကာ

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

ဗီဒီယို

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ဗီဒီယို

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို...

ဗီဒီယို

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။