Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံရှိ ကျေးရွာ သုံးရွာ၌ တစ်နေ့လုံး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုများ၊ PDF ရဲဘော်တစ်ဦးကျဆုံး

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာ၊ နန့်ပေါ်လုံရွာနှင့် နန်းဆွန့်ရွာတို့တွင် ယနေ့မနက် ပိုင်းမှစ၍ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

Public Service Announcement

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF၊ အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးအဖွဲ့၊မိုးဗြဲPDF ကျွဲဂျိုတပ်ခွဲ၊ (၁၀၀၅)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ညနေ ၆နာရီခွဲမှစ၍ စစ်ကောင်စီတပ်များက ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေကြောင်း ဖော်ပြထားသည်။

ဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်တွင် မေလ ၁၅ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်လုံးထိခိုက်ကျဆုံးမှုရှိခဲ့သည်။ မေလ ၁၂ရက်က ညောင်ရွှေထီရိရွာ စစ်ကောင် စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

Non-CDM ဝန်ထမ်းများအနေဖြင့် CDMတွင် ပါဝင်နေသော ပြည်သူ့ဘက်တော်သား ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သတင်း

မေလ ၁၆ ရက်က ဖာပွန်ခရိုင် ပိုဘော်ခိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ချခဲ့ပြီး အဆိုပါကျည်ဆံပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းလာခြင်း၊စစ်လက်နက်နှင့် ရိက္ခာပို့ဆောင်ခြင်းများ အမြဲရှိနေ၍ KIA တပ်မဟာ(၈)နှင့် တပ်မဟာ(၉)နယ်မြေ၌ ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

သတင်း

မေလ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။ယင်းနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။