Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ရေးမြို့နယ်မဟာမိတ်တပ်ဦးမှ တပ်စိပ် (၁၀)ခုဖြင့် တိုက်ခိုက်နေ

လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ရေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ယာဥ်အသွား၊အလာကို စစ်ဆေးနေစဥ်၊ ဓာတ်ပုံ အဟောင်းကို အသုံးပြုထားပါသည်)

အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ရေးမြို့နယ်မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀)ခုဖြင့် တိုက်ခိုက် တိုက်ပွဲဝင်နေကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRU)က ထုတ်ပြန်သည်။

“KNU ရဲ့ နယ်မြေခံ စစ်ကြောင်းတစ်ခု ပါလာတယ်လို့ သိရတယ်။အခု နောက်ဆုံးသိရတာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၂၃ ရက်)တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်ကို အာယုတောင်ကျေးရွာအုပ်စု ရွာကလေးကျေးရွာအနီးတွင် ရေးမြို့နယ်မဟာမိတ်တပ်ဦးမှ တပ်စိပ်(၈)နှင့် တပ်စိပ်(၁၀)မှ ကနဦးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင်စစ်ကောင်စီတပ်၏လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ကင်းပုန်းမှ လည်းပြန်လည်ပစ်ခတ်ခဲ့ရာ ၁နာရီကြာထိတွေ့ခဲ့ကာ နှစ်ဖက်ကျဆုံးမှုမရှိ ​ကြောင်းအသိပေးသည်။

လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

သတင်း

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အာဏာသိမ်းပြီးချိန်ကစ၍ အချိန်ပြည့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး စက်ရုံအရာရှိများကလည်း ဝန်ထမ်းများကို CDM မဝင်စေရေး၊ ဖိနှိပ်မှုများ၊ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း DGF(L.C)က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည် ထိမှန်ပြီးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

သတင်း

မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးမှုကြောင့် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် ၊ တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း ၁၀ရွာအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။