Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးနှင့်မုံရွာတွင်ပျူ​လေးဦးအားရှင်းလင်းခဲ့ဟု MBHPTF ထုတ်ပြန်

မေလ ၂၂ရက်နေ့ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် မုံရွာမြို့နယ်များတွင်စစ်​ကောင်စီတပ်ထုတ်ပေးထားသော လက်နက်များဖြင့် ပြည်သူများအပေါ် ဒုက္ခပေးနေသည့် ပျူစောထီးလေးဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Black Hunter People’s Task Forceက သတင်းထုတ်ပြန်သည်။

မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ရွှေဘူတာကျေးရွာရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား နှစ်ဖွဲ့ခွဲ၍ ၎င်းတို့၏ နေအိမ်များတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်းထိုအဖွဲ့က ပြောသည်။

၎င်းတို့နှစ်ဦးသည် ရွှေဘူတာကျေးရွာအား ပျူရွာဖြစ်အောင် လုပ်နေကြသူများဖြစ်၍ အချိန်မီသုတ်သင်ရှင်းလင်းခဲ့သည်ဟု MBHPTF ကပြောသည်။

မေလ ၂၂ရက်နေ့ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

၎င်းတို့နှစ်ဦးသည် တောပုရွာ ပျူသင်တန်းဆင်းများဖြစ်ပြီး အနီးနားရှိ ကျေးရွာများနှင့် လမ်းသွားလမ်းလာများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဓားပြတိုက်နေသောကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိ့ရသည်။

“၂ ယောက်က တောပုပျူအဖွဲ့ထဲကခေါင်းဆောင်ပိုင်းထဲမှာပါပါတယ်။ သူတို့အပြင်ထွက်လာတုန်းလေး လိုက်ပြီးရှင်းလင်းရတာပါ။ စစ်ကောင်စီက သူတို့ကို အရှည်တွေပေးထားတယ်ပြောတယ်။ မနေ့ကတော့လက်နက်ပါမလာဘူး။ ကျွန်တော်တို့ကနောက်ကနေ အသာလိုက်ပစ်တာဆိုတော့ သူတို့ပါလည်းပြန်မပစ်နိုင်ပါဘူး။”ဟု Monywa Black Hunter People’s Task Forceအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျန်ရှိနေသည့် စစ်ကောင်စီထောက်တိုင်၊ပျူစောထီးများအနေဖြင့်အချိန်မီ ပြည်သူ့ဘက်မှရပ်တည်ကြရန်၊ ပြည်သူများနှင့်အတူမရပ်တည်ဘဲ စစ်ကောင်စီနှင့်အတူ PDF၊UGအဖွဲ့များ၊ပြည်သူများအား ထပ်မံဒုက္ခပေးနေမည်ဆိုပါက ဆက်လက်ရှင်းလင်းသွားမည်ဟု အဖွဲ့ကသတိပေးသည်။

ဧပြီလ ၁၇ ရက်နေ့က မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ​ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယနေ့နံနက် ၉နာရီခွဲတွင် ပုလဲမြို့နယ် သာယာကုန်းရွာပြည်သူများထံမှ ဆိုင်ကယ်နှစ်စီ၊ စက်ဘီးတစ်စီး၊ ဆန်၊ ဆီ၊ ဒီဇယ်နှင့် ကလေးကစားစရာများပါ လုယက်လာသော အင်းမထီးရွာမှပျူစောထီးအဖွဲ့ကို ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

သတင်း

မြန်မာ့သစ်လုပ်ငန်း(မုံရွာ)သည် အာဏာသိမ်းပြီးချိန်ကစ၍ အချိန်ပြည့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး စက်ရုံအရာရှိများကလည်း ဝန်ထမ်းများကို CDM မဝင်စေရေး၊ ဖိနှိပ်မှုများ၊ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း DGF(L.C)က ပြောသည်။

သတင်း

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြားတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

"ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။