Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သမ္မတ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အတွင်း စစ်အုပ်စုရဲ့အာဏာသိမ်းမှုကို ရှုတ်ချ

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ ပထမဆုံး အာရှခရီးစဉ်အတွင်း အာရှအင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်တွေမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကိုရှုတ်ချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်လျှောက်ဖို့ စစ်အုပ်စုကို တွန်းအားပေးတာတွေ လုပ်ခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုတွေအပြီး ခေါင်းဆောင်တွေရဲ့ပူးတွဲထုတ်ပြန်ချက်မှာ စစ်အုပ်စုရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြပြီး အကြမ်းဖက်မှုတွေ ချက်ချက်ရပ်တန့်ပစ်ဖို့ တောင်းဆိုတာတွေ့ရပါတယ်။

တောင်ကိုရီးယားသမ္မတ နဲ့ ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာဆိုရင် စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးဖို့ နိုင်ငံတကာကိုတောင်းဆိုထားကြပါတယ်။ ဒါအပြင် စစ်အုပ်စုကို စစ်လက်နက်တွေမရောင်းဖို့လည်းတိုက်တွန်းထားကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့ပူးတွဲကြေညာချက်မှာတော့ မတရားဖမ်းဆီးထားသူတွေကိုချက်ချင်းလွှတ်ပေးဖို့ ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တစ်နိုင်ငံလုံးဆီ အကန့်အသတ်မရှိရောက်စေဖို့ တောင်းဆိုထားကြပါတယ်။

သမ္မတ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်မတိုင်ခင်ကတော့ အာဆီယံ ခေါင်းဆောင်တွေကို ဝါရှင်တန်ဒီစီကိုဖိတ်ခေါ်ကာ ထိပ်သီးညီလာခံတစ်ရပ်ကျင်းပထားခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွပြည်သူတွေအပေါ် စစ်အုပ်စုဟာ ပိုမိုဖိနှိပ်ဖို့ ခွဲခြားဆက်ဆံဖို့ ကန့်သတ်ပိတ်ပင်ဖို့ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုဗစ်ကို အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။

သတင်း

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

သတင်း

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။