Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သိမ်ဇရပ်အခြေစိုက် တပ်ရင်းနှင့် သိမ်ဇရပ်ရဲစခန်းအား KRF တိုက်ခိုက်၊ စစ်ကောင်စီ သေဆုံးထိခိုက်ရှိ

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ ခမရ(၂၀၇)တပ်ရင်း နှင့် သိမ်ဇရပ်မြို့မ ရဲစခန်းအား ယနေ့ မနက်တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။

မေလ ၂၄ရက် နံနက် ၃နာရီခွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ပူးပေါင်းပြီး တပ်မ (၄၄) လက်အောက်ခံသိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းအား အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ထပ်မံတိုက်ခိုက်ရန် အခွင့်အရေးများရှိသော်လည်း တပ်ရင်းရှိ မိသားစုများအား ထိခိုက်မည်ကို ငဲ့ညှာသောအားဖြင့် သတိပေးသည့်အနေဖြင့်သာ ပြုလုပ်ခဲ့ကြောင်း KRFက ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံများအနေဖြင့် KRF အား အချိန်မီ ဆက်သွယ်ရန် ဖော်ပြထားပြီး နောက်ထပ်တစ်ကြိမ်ဆိုပါက မည်သည့် အခွင့်အရေးမှ မပေးတော့ဟု ဖော်ပြထားသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီးစစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စကစ ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင်...

သတင်း

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း မေလ ၁၈ရက်မှ ယနေ့အထိ ရွာစဉ်လှည့်လည် မီးရှို့နေပြီး တစ်ပတ်အတွင်း ရွာပေါင်း ၁၈ ရွာနှင့် နေအိမ် ၃၉၃လုံးကိုဖျက်ဆီးခဲ့ကြသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန် သည်။

သတင်း

မေ ၂၃ ရက် မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှာ ၆ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟုCDFကထုတ်ပြန်ထားသည်။ CDF (ထန်တလန်) ဘက်မှ ရဲဘော် ၄ ဦး အလွန်မပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။