Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကျူးလွန်သည့် စုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပြည်သူ ၁၇၀ခန့် အသတ်ခံရ

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင် ကိုးဦးအသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်သည့် အစုလိုအပြုံလိုက်သတ်ဖြတ်မှုများတွင် ပြည်သူ ၁၇၀ဦးခန့် သတ်ဖြတ်ခံထားရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

အဆိုပါသတ်ဖြတ်မှုများကို ၂၀၂၁ ဇူလိုင် ၁၁ရက်မှ ယခုနှစ် မေလ၁၂ ရက်အထိဖြစ်ပြီး ကနီ၊ ဆားလင်းကြီး၊ မတူပီ၊ ဖရူဆို၊ မြင်းမူ၊ ရေဦး၊ ကလေး၊ ဂန့်ဂေါ၊ ရွာငံ စသည့်မြို့နယ်များတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင် ကိုးဦးအသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

“လက်နက်မဲ့ပြည်သူတွေကို တနေရာတည်း တချိန်တည်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အခြေအနေတွေက ဆိုးရွားလွန်းလို့ သာမန်လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ပဲ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေထဲမှာ အကျုံးဝင်တာမို့ ကျူးလွန်သူတွေက ကြီးမားတဲ့ ပြစ်ဒဏ်တွေကို ကျခံကြရမှာပါ”ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဟု သတ်မှတ်ရာတွင် လက်နက်မဲ့သို့မဟုတ် ကာကွယ်မှုမဲ့နေသူများကို အမြောက်အများသတ်ဖြတ်ခြင်း၊ တနေရာတည်း သို့မဟုတ် ဒေသတစ်ခုအတွင်းတွင် ကျူးလွန်ခြင်း၊ တချိန်တည်း သို့မဟုတ် နေ့ရက်ကာလမကွာဘဲ ကျူးလွန်ခြင်း၊ ကျူးလွန်ခံရသူများသည် တဖွဲ့တည်း သို့မဟုတ် ဘက်တ ဖက်တည်းက ဖြစ်လေ့ရှိခြင်း၊ ကျူးလွန်ခံရသူများမှာ လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူများ ဖြစ်လေ့ရှိခြင်း၊ သတ်ဖြတ်ခံရသော ပုံစံများ၊ ဖျောက်ဖျက် ဖျက်ဆီး မြုပ်နှံထားမှုပုံစံနှင့် သတ်ဖြတ်ခဲ့သည့် ရည်ရွယ်ချက်များတူခြင်းတို့ ပါဝင်သည်။

လတ်တလောတွင် အာဏာရူးစစ်ကောင်စီက မြန်မာနိုင်ငံ ဒေသအချို့မှ အပြစ်မဲ့ဒေသခံပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သောစာရင်းများ ပေါ်ပေါက်လျက်ရှိရာ မရသေးသည့်စာရင်းအချို့လည်း ရှိနိုင်သောကြောင့် ပေးပို့အကြောင်းကြားပေးကြရန် NUG လူမှုရေးဝန်ကြီးက ပန်ကြားထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း မေလ ၁၈ရက်မှ ယနေ့အထိ ရွာစဉ်လှည့်လည် မီးရှို့နေပြီး တစ်ပတ်အတွင်း ရွာပေါင်း ၁၈ ရွာနှင့် နေအိမ် ၃၉၃လုံးကိုဖျက်ဆီးခဲ့ကြသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန် သည်။

သတင်း

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

သတင်း

မေ ၂၃ ရက် မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှာ ၆ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟုCDFကထုတ်ပြန်ထားသည်။ CDF (ထန်တလန်) ဘက်မှ ရဲဘော် ၄ ဦး အလွန်မပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။