Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမှိုက်ကောက်အသွင်ဖြင့် မိုင်းကွင်းလိုက်ရှာနေသူများအား ဒလန်ဟုသက်မှတ်ပြီး ပြင်းထန်စွာအပြစ်ပေးမည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်း၊ မြင်းမူ-ထီးဆောင်း-အရာတော်လမ်းပိုင်း၊ အရာတော်-ရွှေဘိုလမ်းပိုင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ယာဥ်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

(ယခင်က ဖမ်းဆီးသတိပေးဖူးသူများအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် အမှိုက်ကောက်အသွင်ဖြင့် မိုင်းကွင်းလိုက်ရှာနေသူများအား ဒလန်ဟုသက်မှတ်ပြီး ပြင်းထန်စွာအပြစ်ပေးမည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

မုံရွာ – အရာတော်လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစုများ ပြင်ဆင်ထားသည့် မိုင်းကွင်းနေရာများကို အမှိုက်ကောက်သမားများ၊ ဈေးသည်များအသွင်ဖြင့် လိုက်လံရှာဖွေပေးနေသူများအား နှစ်ကြိမ်တိုင် ဖမ်းဆီးမိခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ပြောသည်။

သို့သော် ၎င်းတို့အား နောက်နောက်ယခုကဲ့သို့မလုပ်ရန် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခု စာထုတ်ပြီးချိန်မှစ၍ ထပ်မံတွေ့ရှိလျှင် ဒလန်ဟု သက်မှတ်ပြီး ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“စစ်တပ်ရဲ့အသုံးချခံ အရပ်သားလက်ကိုင်တုတ်တွေဖြစ်လို့ ဖမ်းဆီးပြီး သတိပေးခဲ့ပါတယ်။ မတော်တဆတွေ့တာမဟုတ်ဘဲ သေချာကို ရှာတဲ့ပုံစံဗျ။ ပြီးရင် ပြန်ရောင်းစားတယ်လို့လည်း သိရတယ်။”ဟု သပြေညိုတပ်ဖွဲ့ တာဝန်ခံတစ်ဦးက အရာတော်သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်း၊ မြင်းမူ-ထီးဆောင်း-အရာတော်လမ်းပိုင်း၊ အရာတော်-ရွှေဘိုလမ်းပိုင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ယာဥ်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီးချုပ်က ပြောသည်။

သတင်း

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အထူးသဖြင့် စစ်ကောင်စီရဲ့ ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနဲ့ ရှားစေးဘိုစခန်းတွေကြောင့် အဲ့ဒီဒေသက လူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲဖြစ်ရတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ပစ်ခတ်မှုတွေကို စိုးရိမ်ကြောက်ရွံ့နေရတာ အစရှိတဲ့ဒုက္ခတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။