Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPCရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ဟု PDF ပြော

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့တွင် လျှပ်စစ်မီတာခများ အဓမ္မကောက်ခံခြင်းမပြုရန် EPC ရုံးအား ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

ယနေ့ (မေလ ၂၄ )ရက် ညနေ ၄နာရီ ၄၀မိနစ်ခန့်က ရေစကြိုမြို့အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေပြီး ပြည်သူလူထုအား မီတာခများအတင်းအဓမ္မ ကောက်ခံခြင်းမပြုရန်နှင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်ခြင်းမပြုရန် အဆိုပါရုံးရှိ လျှပ်စစ်ရုံးဝန်ထမ်းများအားပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း PDF ရေစကြိုက ပြောသည်။

Public Service Announcement

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံတို့က ပြောသည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့နယ်ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်များ မိုးပေါ်ထောင် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၂၃ ရက်)က ရေစကြိုမြို့နယ် မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့်
ရဲတပ်ဖွဲ့ဝင် ၇ ဦးအား YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာရဲတပ်ဖွဲ့ဝင် သုံးဦးသေ၍ G3- နှစ်လက်၊G3ကျဉ် ၃၅တောင့်၊လက်ပစ်ဗုံး တစ်လုံး၊ဖုန်း နှစ် လုံး၊ငွေကျပ် သုံးသောင်းကျော်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း YSO-ISA က သတင်းထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီးချုပ်က ပြောသည်။

သတင်း

ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်​နေ​သောရဲနှင့်ပျူ​စောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းတစ်နေရာတွင် ​မေ ၂၂ ရက် နေ့လည် ၁ နာရီ ခန့်တွင်ရဲနှင့်ပျူ ၁၃ ဦးပါသောလိုက်ထ ရပ်ကားအားမိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက် ကနဦး ၅ ဦး​သေဆုံးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။