Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ (၄၂)မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားသုံးစီးပါယာဥ်တန်းကို ခင်ဦး PDF မိုင်းဆွဲတိုက်ခိုက်

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။

(စစ်ကိုင်းတိုင်းအတွင်း အင်အားဖြည့်တင်နေသော စစ်ကောင်စီယာဥ်တန်းကို ​တွေ့ရစဥ် ။(ယခုလဆန်းပိုင်းက ပုံအ​ဟောင်း ဖြစ်သည်)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက် အောက်ခံ ခလရ(၄၂) တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(မေ ၂၅ ရက်) ည ၇ နာရီခန့်က ရွှေဘိုမြို့မှ ထွက်လာသည့် လက်နက်ခဲယမ်းကားများကို ရေးဦးမြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကားလေးစီးဖြင့် လာကြိုခဲ့သည်ဟု ဆိုသည်။

“လာကြိုတဲ့ကားတွေမှာ အင်အားအပြည့်ပါတယ်။ပြီးတော့ ရွှေဘိုက ထွက်လာတဲ့ ကားတွေမှာလဲ စခ အထိုက်သင့်ပါတယ်။မိုင်းဆွဲတာ ခင်ဦး နဲ့ရေဦး ကြားထဲက နေရာနှစ်ခု မှာဆွဲလိုက်တာ”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြော သည်။

ခင်ဦးနှင့် ရေဦးမြို့နယ်ကြားရှိ ကန်သစ်ရွာနှင့် အင်းပတ်ကွေ့အနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီကားတစ်စီးထိမှန်သည်ကို အတည်ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ယာဥ်တန်းတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပါအဝင် ပြန်လည်ပစ်ခတ်သဖြင့် ကံသစ်ရွာရှိ နေအိမ်တစ်လုံးပေါ်ကျကာ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။

ထို့အပြင် ရေဦး – ခင်ဦး – ရွှေဘို လမ်းပိုင်းနှင့် ရွှေဘို- ညောင်ပင်သာ – ခင်ဦး လမ်းပိုင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားကြောင်း ယမန်နေ့(မေ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မေလ ၂၃ ရက်ကလည်း ချောင်းဦး - မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

သတင်း

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။

သတင်း

​ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(PDF မန္တ​လေး)နှင့်စစ်​ကောင်စီတပ်တို့ မတ္တရာမြို့နယ်အတွင်း ​မေ ၂၄ ရက်ကတိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားရာ စစ်​ကောက်စီတပ်မှ ၁၃ ဦး​သေဆုံးပြီး အများပြားဒဏ်ရာရရှိသွား​ကြောင်း PDF မန္တ​လေးကသတင်းထုတ်ပြန်သည်။