Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အထိနာ၊ ပြည်သူ့ကာကွယ်​ရေးတပ် ရဲ​​ဘော်နှစ်ဦးကျဆုံး

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကိုင်းနှင့်မြင်းမူနယ်စပ်ရှိ ကျေးရွာနှစ်ရွာ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မေလ ၂၄ ရက်က အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ သုံးကြိမ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်​ရေးနပ်မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း (MMUPDF) က ပြောသည်။

မေလ ၂၄ရက် နံနက် ၄နာရီခွဲခန့်က မြင်းမူမြို့နယ် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အကြမ်းဖက်စစ်တပ်ထံ ထပ်မံအင်အားလာဖြည့်သည့် စစ်တပ်ယာဥ်များအား ကန်ဖျားကျေးရွာအဝင်တွင် MMUPDF နှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးထိမှန်ခဲ့သည်။

ထို့အပြင် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ်သား ၄၀ခန့်မှာ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်အကြမ်းဖက်ပြီး အနီးရှိတောများသို့ တောနင်းနေစဥ် ကင်းစောင့်နေသော ပြည်သူ့ရဲဘော်များနှင့်ထိတွေ့မှုဖြစ်ရာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း MMUPDF က ပြောသည်။

နံနက် ၁၁နာရီခန့်တွင် MMUPDF ဦးဆောင်၍ Black Eagle Defence Force-MMU နှင့် People Guerillas Commando-Myinmuမှ ရဲဘော်များက ဂုန်ညင်းစိတ်ကျေးရွာနှင့် ကန်ဖျားဇရပ်ကြားတွင် ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း MMUPDF က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

မေလ ၂၄ ရက် ညနေ ၃ နာရီခန့်တွင်လ​ည်း တိုက်ပွဲထပ်မံဖြစ်ပွားရာ ဂုန်ညင်းစိတ်နှင့် ကန်ဖျား​ကျေးရွာကြား ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်အား တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးမှခြေလျင်လျှောက်လာသော စစ်သား ၆ဦး နေရာတွင် လဲကျသွားကာ အပြင်းအထန်ဒဏ်ရာရသွားသည်ဟု MMU PDFကဆိုသည်။

အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ MMUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

မေလ ၉ရက် နံနက်ပိုင်းက မြင်းမူမြို့နယ်မှ Black Eagle Defence Force – MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့)၏ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မေလ ၂၃ ရက်ကလည်း ချောင်းဦး - မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

သတင်း

ပိတ်သိမ်းခံရတဲ့ အထဲ ပျဉ်းမနား ၊တပ်ကုန်း ၊ ဇမ္ဗူသီရိ၊ဥတ္တရသီရိမြို့နယ်တွေမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေပါဝင်ကြပါတယ်။

သတင်း

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။

သတင်း

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။