Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦး – မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ် သံချပ်ကာယာဥ်နှစ်စီးကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ၂၉ဦးသေဟုဆို

မေလ ၂၃ ရက်ကလည်း ချောင်းဦး – မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

(စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်၌ သံချပ်ကားယာဥ်များဖြင့် လှည့်လည်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်)

ချောင်း – မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ သံချပ်ကာယာဥ်နှစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF(CHU)က ယနေ့ (မေ ၂၆)ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခန့်က ချောင်းဦး – မြင်းမူလမ်းပိုင်းတစ်နေရာတွင် သံချပ်ကာယာဥ်နှစ်စီးအား Farmers Revolution Force FRF (CHU)တပ်ရင်းမှဦးဆောင်၍ Chaung U Revolution Army (CRA)၊ Black Eagle Defence Force နှင့် Zarmini MMU တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၉ ဦးသေဆုံးပြီး ညီနောင်မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

မေလ ၂၃ ရက်ကလည်း ချောင်းဦး – မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပိတ်သိမ်းခံရတဲ့ အထဲ ပျဉ်းမနား ၊တပ်ကုန်း ၊ ဇမ္ဗူသီရိ၊ဥတ္တရသီရိမြို့နယ်တွေမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေပါဝင်ကြပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

သတင်း

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။

သတင်း

လက်ရှိ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်မှု အခြေအနေကြောင့် ရေဦးမြို့ပေါ်နေ ပြည်သူများနှင့် ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များရှိ ကျေးရွာများအနေဖြင့် အထူးသတိပြုရန်လည်း ခင်ဦး PDF က တိုက်တွန်းသည်။